အောင်မြေသာစံမြို့တွင် အမျိုးသမီးတစ်ဦး ရထားသံလမ်းဘေး၌ ဓားဒဏ်ရာများဖြင့် သေဆုံး

PUBLISHED - September 26, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အရှေ့ဘုန်းတော်တိုးရပ်ကွက်၊ အကွက်-418၊ မြို့ပတ်လမ်းသံလမ်းဘေးရှိ ဖော့ဘူးစက်ရုံအရှေ့တွင် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသမီးတစ်ဦး သေဆုံးကြောင်းဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။
ထိုသတ်ဖြတ်ခံရသည့် အမျိုးသမီးမှာ အသက် (၅၀) ဝန်းကျင်ရှိပြီး လက်ရှိအချိန်တွင် ပိုင်ရှင်မဲ့ရုပ်အလောင် း ဖြစ်နေပြီး ၎င်းကိုမည်သူများမှ သတ်ဖြတ်သွားသည်ကို သိရှိရခြင်းမရှိကြောင်း၊ ရုပ်အလောင်းကို ဒေသခံလူမှုကူ ညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia