အောင်မြေသာစံမြို့နယ်တွင် သံဃာတော် ၈၀ ပါးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
PUBLISHED - September 4, 2023
နေပြည်တော်၊ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အမှတ်(၅) ဆွေသဟာဘုန်းတော် ကြီးသင် ပညာရေးကျောင်းတိုက်ရှိ သံဃာတော် ၈၀ ပါးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာရှိ ဒေသခံပြည်သူ များအား စက်တင်ဘာလ ၂ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ ပြည်သူ ၂၀၀ ဦးတို့ကို သွေးတိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်နှင့်အူလမ်း ကြောင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အမှတ်(၅) ဆွေသဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ရှိ သံဃာတော် ၈၀ ပါး၊ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးနှင့် ဒေသခံပြည်သူ ၈ ဦးတို့ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်း ရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ် သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်း၊ သွေးဖောက်၍ ဆီးချို/သွေးချို စစ်ဆေးခြင်း၊ သွေးအုပ်စုများစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
#PeopleMedia