• Follow Us on

Home အောင်မြေသာစံမြို့နယ်တွင် ရဲတပ်သားတစ်ဦး ပစ်ခတ်ခံရပြီး ကျဆုံး

အောင်မြေသာစံမြို့နယ်တွင် ရဲတပ်သားတစ်ဦး ပစ်ခတ်ခံရပြီး ကျဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့(မြောက်ပြင်) ရပ်ကွက်၊ (၉)လမ်းနှင့် (၇၉× ၈၀) လမ်းကြားတွင် ရဲတပ်သားတစ်ဦး ပစ်ခတ်ခံရပြီး ကျဆုံးသွားကြောင်း သိရသည်။

 

အောက်တိုဘာလ (၁၀) ရက် ညနေ (၆) နာရီခွဲအချိန်က အမှတ် (၄) နယ်မြေရဲစခန်းမှ ရဲတပ်သား မိုးဆန်းဦး သည် ဆိုင်ကယ်ဖြင့် စခန်းသို့ ပြန်လာစဉ် ယင်းနောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသည့် အကြမ်းဖက်သမား နှစ်ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သား မိုးဆန်းဦး၏ ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post