• Follow Us on

Home အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ လုယက် ယူဆောင်ရာတွင်ပါဝင်ခဲ့သည့် တရားခံတစ်ဦးအား ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ လုယက် ယူဆောင်ရာတွင်ပါဝင်ခဲ့သည့် တရားခံတစ်ဦးအား ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇွန် ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ရာတွင် ပါဝင်ခဲ့သည့် တရားခံတစ်ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင် မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်နေ ရွှေပန်းတိမ် လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းအောင်သည် ၎င်း၏ ရွှေပန်းတိမ်ဆိုင်ရှိရာ အောင်မြေသာစံ မြို့နယ်မှ နေအိမ်သို့  ၁၂ လမ်း အတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်နှင်ထွက်ခွာလာစဉ် အမျိုးသား(၂)ဦး(စိစစ်ဆဲ)က CZI အမျိုးအစား အနက်ရောင်ဆိုင်ကယ်ဖြင့် အနောက် မှကပ်၍ လိုက်ပါလာပြီး သေနတ်အမျိုးအစား (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ကာ ဦးဝင်းအောင်တွင် ပါရှိလာသည့် ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေစဉ် ရရှိထားသောဒဏ်ရာဖြင့် သေဆုံးသွား ခဲ့သောကြောင့် အမှတ်(၄)နယ်မြေ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်၍ တရားခံများ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ တရားခံ ၂ ဦးအနက် မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းအုပ်စု၊ ဥဒေါင်း ကျေးရွာတွင်နေ ကံပိုင်(ခ) ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်(၃၈)နှစ်အား ဇွန်လ ၁၈ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်တွင် အကြမ်း ဖက်သတ်ဖြတ်လုယက်ယူဆောင်သွားသည့် သက်သေခံ ရွှေထည်ပစ္စည်းများနှင့်အတူ ၎င်း၏နေအိမ်၌ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိတရားခံ ကံပိုင်(ခ)ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဖမ်းဆီးရန်ကျန် တရားခံ မင်္ဂလာပါနှင့်အတူ ၁၂ လမ်းရှိ ရွှေပုဇွန်ဆီဆိုင် အနီးတွင် အသင့်စောင့်ဆိုင်းနေပြီး ဦးဝင်းအောင် ထွက်လာချိန်တွင် ကံပိုင်(ခ)ကိုဖြိုး (ခ)ပြည့်ဖြိုးအောင်မှ ဆိုင်ကယ်အား မောင်းနှင်ပြီး ဖမ်းဆီးရန် ကျန်တရားခံ မင်္ဂလာပါက နောက်မှ စီးနင်းလိုက်ပါကာ ဦးဝင်းအောင်၏ ဆိုင်ကယ်နောက်မှ ကပ်၍မောင်းနှင်လိုက်ပါသွားပြီး Golden Star ဘီယာဆိုင်ရှေ့အရောက်တွင် မင်္ဂလာပါမှ ၎င်းအသင့် ယူဆောင်လာသည့် တစ်ထောင့်ထိုးလက်လုပ် သေနတ်ဖြင့် ဦးဝင်းအောင်အား ပစ်ခတ်ခဲ့ပြီး လဲကျ သွားချိန်တွင် ကံပိုင်(ခ)ကိုဖြိုး (ခ)ပြည့်ဖြိုးအောင်မှ ဆိုင်ကယ်အားရပ်၍ ဦးဝင်းအောင် လွယ်ထားသည့် ရွှေထည်ပစ္စည်းများ ထည့်ထားသောအိတ်အား ဖြုတ်ယူကာ အခင်းဖြစ်နေရာမှ မောင်းနှင်ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

 

ဖမ်းဆီးရန်ကျန်တရားခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်ကြသည့် ကိုမောင်းနှင့် မင်္ဂလာပါတို့ (၂)ဦးအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post