• Follow Us on
Latest News

Home အောင်မြေသာစံမြို့နယ်တွင် ထိုင်ခုံအောက်များအတွင်း သိုဝှက်ယူဆောင်လာသည့် ဘိန်းဖြူနှင့် စိတ်ကြွ ရူးသွပ်ဆေးပြားမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အောင်မြေသာစံမြို့နယ်တွင် ထိုင်ခုံအောက်များအတွင်း သိုဝှက်ယူဆောင်လာသည့် ဘိန်းဖြူနှင့် စိတ်ကြွ ရူးသွပ်ဆေးပြားမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဩဂုတ် ၁

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ထိုင်ခုံအောက်များအတွင်း သိုဝှက်ယူဆောင်လာသည့် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၆ ရက်နေ့ ည ၇ နာရီ ၁၀ အချိန် သတင်းအရ  အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက် ရှိ ကားဂိတ်တွင် ပလတ်စတစ်ထိုင်ခုံများ လာရောက်ပို့ဆောင်သူ မညိုညိုလွင်အား စစ်ဆေးရှာဖွေရာ ၎င်းပို့ ဆောင်သည့် ထိုင်ခုံအောက်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁.၈၇၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၅၆၁.၆ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၇၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၉.၄ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မညိုညိုလွင်(၅၀)နှစ်အား အမှတ်(၅)မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post