• Follow Us on
Latest News

Home အောင်မြေသာစံမြို့နယ်တွင် အဆောက်အဦပြိုကျမှုကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

အောင်မြေသာစံမြို့နယ်တွင် အဆောက်အဦပြိုကျမှုကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၂၀ လမ်း၊ ၈၆-၈၇ လမ်းကြားတွင် ယနေ့ နံနက် ၂ နာရီ ၅ မိနစ်အချိန်က အဆောက်အဦပြိုကျမှုကြောင့် လူ ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

“တိုက်အဟောင်း ပြိုကျတာ။ ကလေးတစ်ယောက်နဲ့ဆို အားလုံးငါးယောက် ရှိတာ။ နှစ်ယောက်ကတော့ စိုးရိမ်ရတယ်။” ဟု မီးသတ်တစ်ဦးက ပြောသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) နှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) တို့အား စေတနာ မေတ္တာ ဂရုဏာအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ ချမ်းသာသုခအသင်းမှ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် မန္တလေး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ကြောငသည်၊၊

 

အဆောက်အဦပြိုကျရာ နေရာအား အောင်‌မြေသာစံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်း သတ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့‌ကြောင်း သိရသည်၊၊

 

#PeopleMedia


Share this post