အောင်မြေသာစံမြို့နယ်တွင် ပိုင်ရှင်မဲ့အမျိုးသား ၁ ဦး အလောင်းတွေ့ရှိ
PUBLISHED - August 5, 2023
နေပြည်တော်၊ ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက် သီရိမန္တလာကားကြီးကွင်း အောက်ထပ်လှေကားရင်းတွင် ယမန်နေ့ နံနက် ၆ နာရီကျော်အချိန်က ပိုင်ရှင်မဲ့အမျိုးသား ၁ ဦး အလောင်း တွေ့ရှိခဲ့ရကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက် သီရိမန္တလာကားကြီးကွင်း အောက်ထပ်လှေကားရင်းတွင် အသက် ၃၅ နှစ်အရွယ်ရှိ ပိုင်ရှင်မဲ့အမျိုးသား ၁ ဦး သေဆုံးနေပြီး၊ သေဆုံးသူတွင် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ အအေးမိလက္ခဏာဖြင့် သေဆုံးနေခြင်းဖြစ်နိုင်ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသားအလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia