အောင်လံမြို့နယ်တွင် အမှိုက်ကောက်၍ ကျပန်းနေထိုင်သူ အမျိုးသားတစ်ဦးကို စစ်သွေးကြွတွေက ဓားဖြင့် ခုတ်ကာ သတ်ဖြတ်သွား

PUBLISHED - October 21, 2024
နေပြည်တော်၊ အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်၊ မြို့မသုဿန်အနီးရှိ အမှိုက်ပုံကုန်းတွင် အမှိုက်ကောက်၍ ကျပန်းနေထိုင်သော ဦးကောင်းမြတ်(ခ)မျက်ပြူး အသက်(၅၁)နှစ်အား စစ်သွေးကြွ PDF အဖွဲ့ဝင်များက ဓားဖြင့်ခုတ်ကာ သတ်ဖြတ်သွားကြောင်း သိရသည်။
အောက်တိုဘာလ (၁၉)ရက် နံနက် (၅)နာရီခန့်က ဦးကောင်းမြတ်သည် အမှိုက်ပုံကုန်းအနီး ၎င်း၏ တဲတွင် ရှိနေစဉ် အောင်လံမြို့၊ ကံကြီးရပ်ကွက် ကမ်းနားလမ်းမှ အသက်(၅၂)နှစ်အရွယ် အောင်စိုးသန်း(ဘ) ဦးသန်းမြင့် ဦးဆောင်သော ပျောက်ကြားယူနီဖောင်းဝတ်ထားပြီး မျက်နှာဖုံးတပ်ထားသော လက်နက်အတို၊ အရှည်ပါ စစ်သွေးကြွ PDF အဖွဲ့ဝင် (၅) ဦး ရောက်ရှိလာသည်။
ယင်းနောက် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဦးကောင်းမြတ်အား ဖမ်းဆီးကာ အမှိုက်ပုံနှင့် ကိုက် (၂၀၀)ခန့် အကွာတွင် ဓားဖြင့် (၇)ချက် ခုတ်ကာ သတ်ဖြတ်သွားကြောင်း သိရသည်။
#PeopleMedia