• Follow Us on

Home အောင်လံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ဆရာတော်တစ်ပါးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်သတ်

အောင်လံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ဆရာတော်တစ်ပါးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်သတ်

Share this post

နေပြည်တော်၊ မတ် ၁၃

 

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ဆရာတော်တစ်ပါးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

 

ယနေ့ မတ်လ (၁၃)ရက် နံနက် (၃)နာရီခွဲခန့်က ဒါးစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်သည် ဘုရားကုန်းပေါ်တွင် ရောက်ရှိနေစဉ် PDF အဖွဲ့ဝင်များမှ လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားကြောင်း သိရသည်။

 

ယင်းနောက်တွင် PDF အဖွဲ့ဝင်များသည် ဒါးစမ်းကျေးရွာမှ ဆရာတော်ကိုလည်း ဘုန်းကြီးကျောင်းအတွင်း သတ်ဖြတ်သွားပြီး အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post