• Follow Us on
Latest News

Home အောင်လံမြို့နယ်တွင် PDF က အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးခုတ်၍ မီးရှို့သတ်ဖြတ်

အောင်လံမြို့နယ်တွင် PDF က အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးခုတ်၍ မီးရှို့သတ်ဖြတ်

Share this post

နေပြည်တော်၊ ဇွန် ၇

 

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ တင်းတောကျေးရွာအနီး၌ PDF အကြမ်းဖက်သမားများမှ အမျိုးသား တစ်ဦးအား ဓားဖြင့် ထိုးခုတ်၍ မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်း နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် အောင်လံမြို့နယ်၊ တင်းတောကျေးရွာအနီး၌ ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေပန်း တောကြီးကျေးရွာနေ ဦးလှဌေးအောင်(၅၁)နှစ်သည် တင်းတောကျေးရွာမှ ၎င်း၏နေအိမ်သို့ ကန်သာယာ-တင်းတောကျေးရွာသွားလမ်းအတိုင်း တစ်ဦးတည်းပြန်လာစဉ် တင်းတောကျေးရွာ၏ အနောက်ဘက် ၄ ဖာလုံခန့်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ဓားဖြင့် ထိုးခုတ်၍ မီးရှို့သတ်ဖြတ် သွားခဲ့သဖြင့် ဦးလှဌေးအောင်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အလားတူ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇွန်လ ၂ ရက်နေ့ ည ၁၁ နာရီ ခွဲတွင် အဆိုပါ ကျေးရွာနေ ဦးမြင့်အောင်(၆၉)နှစ်သည် ၎င်း၏နေအိမ်၌ တစ်ဦးတည်း ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားငါးဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးမြင့်အောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post