အော်တစ်ဇမ်ဖြစ်နေသူတွေနဲ့ စိတ်ကျန်းမာရေးချို့တဲ့သူတွေကို တပ်မတော်ထဲဝင်ရောက်ခွင့်ပြုဖို့ ဗြိတိန်ကြည်း တပ် စဉ်းစားနေ
PUBLISHED - June 1, 2024
နိုင်ငံတကာ၊ ဇွန် ၁
လက်ရှိတွေ့ကြုံနေရတဲ့ တပ်သားသစ်စုဆောင်းရေးအခက်အခဲကို ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းဖို့အတွက် အော်တစ်ဇမ်ဖြစ်နေတဲ့သူတွေနဲ့ အရင်တုန်းက စိတ်ဝေဒနာခံစားခဲ့ရဖူးသူတွေကို တပ်သားသစ်အဖြစ်စုဆောင်း ဖို့ ဗြိတိန်ကြည်းတပ်က စဉ်းစားနေကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။
အရင်တုန်းက ဗြိတိန်ကြည်းတပ်ကို ဝင်ရောက်ခွင့်ပိတ်ပင်ထားတဲ့ အဆိုပါပုဂ္ဂိုလ်မျိုးတွေကို ရှာဖွေစုဆောင်းဖို့အ တွက် ဗြိတိန်နိုင်ငံက ဝန်ထမ်းရှာဖွေရေးကုမ္ပဏီကြီးဖြစ်တဲ့ Capita ကုမ္ပဏီကို ကြည်းတပ်က မှာကြားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ဗြိတိန်နိုင်ငံရဲ့ဥပဒေရ အော်တစ်ဇမ်ဖြစ်နေသူတွေ၊ စိတ်ကျန်းမာရေးချို့တဲ့နေသူတွေ (ADHD) နဲ့ စိတ်ကျရောဂါခံစားဖူးသူတွေကို တပ်မတော်ထဲဝင်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
ဒါပေမဲ့ ဗြိတိန်ကြည်းတပ်ဟာ အဆိုပါစိတ်ကျန်းမာရေးချို့တဲ့နေသူတွေနဲ့ပတ်သက်ပြီး ပြန်လည်ပြုပြင်ပြီး ကြည်း တပ်ရဲ့ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို ပြန်လည်ဆန်းစစ်လေ့လာဖို့ အစီအစဉ်တွေရေးဆွဲထားတာ ကြောင့် အဲဒီမူဝါဒကို ပြန်လည်ပြင်ဆင်ဖို့ တွန်းအားပေးနေကြောင်း The Telegraph မီဒီယာက ပြောပါတယ်။
ဗြိတိန်ကြည်းတပ်ထဲဝင်ရောက်ချင်တဲ့ အော်တစ်ဇမ်ဖြစ်နေသူတွေ ဒါမှမဟုတ် ADHD ဖြစ်နေသူတွေဟာ နှစ်စဉ် တစ်နှစ်ကို ၅၀၀ ကျော် ပယ်ချခံနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က တပ်မတော်ထဲဝင်ရောက်ဖို့ လျှောက်ထားသူတွေထဲမှာ စိတ်ရောဂါခံစားဖူးတယ်လို့ စစ်ဆေးတွေ့ ရှိခဲ့သူ ၄,၀၀၀ နီးပါးကိုလည်း ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံထဲမှာ လူဦးရေ ၂.၂ သန်းဟာ ADHD ဝေဒနာခံစားနေရသူတွေဖြစ်ပြီး ၁.၂ သန်းကတော့ အော်တစ် ဇမ်ဝေဒနာခံစားနေရသူတွေဖြစ်တယ်လို့ အစီရင်ခံစာတွေအရ သိရပါတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ လေ့လာသင်ယူရာမှာ ၎င်းတို့ကို စစ်သားတစ်ယောက်ဖြစ်လာဖို့ အဟန့်အတားဖြစ်စေတဲ့ စိတ်လိုက်မာန်ပါပြုမူမှုတွေ၊ လူမှုရေးအခက်အခဲတွေနဲ့ သဘေားထားကွဲပြားမှုတွေကို တွေ့ကြုံဖြတ်သန်းလာရ နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ကြည်းတပ်ထဲဝင်ရောက်ဖို့အတွက် ရုပ်ပိုင်ဆိုင်ရာစိန်ခေါ်မှုတွေရော စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ရ မှာဖြစ်ကြောင်း ဗြိတိန်ကြည်းတပ်က အရင်တုန်းက ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ တပ်မတော်ထဲဝင်ရောက်ဖို့ ဆန္ဒပြင်းပြသူတွေအတွက် ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်စံနှုန်းတွေကို ပြန်လည်ပြင်ဆင်တာ မှန်ကန်ကြောင်း ကြည်းတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဖရန်စစ်ရစ်ချန်ဒန်း နက်က ပြောပါတယ်။
“ကျန်းမာရေးအခြေအနေတွေ၊ စိတ်ကျန်းမာရေးတွေနဲ့ ပတ်သက်တဲ့စံနှုန်းတွေကို ပြန်လည်ပြင်ဆင်တာဟာ ကြောင်းကျိုးလျော်ညီပြီး သဘာဝကျပါတယ်။ ကျွန်တော်တို့ နည်းနည်းလေး စွန့်စားပြီး လုပ်ကြည့်သင့်တယ်။ တကယ်လို့ စွန့်စားမှုက အခြေအနေဆိုးရွားလာတယ်ဆိုရင်လည်း သူတို့ကို တပ်မတော်က နုတ်ထွက်ခွင့်ပေး လိုက်လို့ရတာပါပဲ။” လို့ ၎င်းက ပြောပါတယ်။
ဗြိတိန်ကြည်းတပ်ထဲမှာ စစ်မှုထမ်းဦးရေ လျော့ပါးလာတဲ့အချိန်မှာ အခုလို ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက် စံနှုန်းတွေကို လျှော့ချမယ့်အစီအစဉ်ကို စဉ်းစားနေတဲ့သတင်း ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
Ref: British Army Mulls Recruiting People with Autism, Mental Health Issues
#PeopleMedia