• Follow Us on

Home အော်သိုဒေါက်ခရစ်ယာန်ဘာသာဝင်တွေထဲက နောက်ထပ် စစ်မှုထမ်း ၇၀၀၀ အစ္စရေးစစ်တပ် ဆင့်ခေါ်

အော်သိုဒေါက်ခရစ်ယာန်ဘာသာဝင်တွေထဲက နောက်ထပ် စစ်မှုထမ်း ၇၀၀၀ အစ္စရေးစစ်တပ် ဆင့်ခေါ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၅

 

အစ္စရေးနိုင်ငံမှာရှိတဲ့ အစွန်းရောက်ရှေးရိုးစွဲအော်သိုဒေါက်ခရစ်ယာန်အသိုင်းအဝိုင်းက နောက်ထပ် တပ်ဖွဲ့ဝင် အင်အား ၇,၀၀၀ စစ်မှုထမ်းဆောင်ဖို့အတွက် အမိန့်တစ်ရပ်ကို အစ္စရေးကာကွယ်ရေးဝန်ကြီး ယူအက်ဂါးလန့် က တနင်္လာ နေ့ (နိုဝင်ဘာ ၄ ရက်နေ့) က ထုတ်ပြန်လိုက်ပါတယ်။

 

အစ္စရေးနိုင်ငံမှာ သမိုင်းကြောင်းအစဉ်အလာအရ ရှေးရိုးစွဲအော်သိုဒေါက်ခရစ်ယာန်တွေဟာ စစ်မှုထမ်းဆောင် ခြင်းကနေ ကင်းလွတ်ခွင့်ရနေပြီးနောက် ၎င်းတို့စစ်မှုထမ်းဆောင်ဖို့အတွက် အစ္စရေးတရားရုံးချုပ်က အခုနှစ်ဇွန် လမှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

 

လာမယ့်ရက်ပိုင်းအတွင်းမှာစတင်ဖို့ စီစဉ်ထားတဲ့ ရှေးရိုးစွဲအော်သိုဒေါက်ခရစ်ယာန်တွေထဲက အရည်အချင်း ပြည့်မီသူတွေကို နောက်ထပ်တပ်ဖွဲ့ဝင် အင်အား ၇,၀၀၀ စီစစ်ရွေးချယ်သွားမယ့် အစ္စရေးတပ်မတော်ရဲ့ အစီအ စဉ်ကို ကာကွယ်ရေးဝန်ကြီးဂါးလန့်က ခွင့်ပြုလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော် ပြထားပါတယ်။

 

ဇူလိုင်လအတွင်း ပထမအသုတ်အဖြစ် အော်သိုဒေါက်ခရစ်ယာန်ဘာသာဝင် ၃၀၀၀ ကို စစ်မှုထမ်းဆောင်ဖို့ စေ လွှတ်ခဲ့ချိန်မှာ အော်သိုဒေါက်ခရစ်ယာန်အသိုင်းအဝိုင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားလာခဲ့ပြီးနောက် အခုလို ဒုတိယ အသုတ် အင်အား ၇,၀၀၀ ထပ်မံ ခေါ်ယူတာဖြစ်ပါတယ်။

 

အစ္စရေးတပ်တွေအနေနဲ့ ဂါဇာဒေသမှာ ဟားမတ်စ်စစ်သွေးကြွတွေနဲ့လည်းကောင်း လက်ဘနွန်မှာ ဟစ်ဘိုလာ တွေနဲ့လည်းကောင်း စစ်မျက်နှာပေါင်းစုံမှာ တိုက်ခိုက်နေရတဲ့အတွက် အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေရချိန်မှာ တနင်္လာနေ့က အမိန့်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

“ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စစ်ပွဲနဲ့ စိန်ခေါ်မှုတွေက အစ္စရေးတပ်မတော်အနေနဲ့ နောက်ထပ်တပ်ဖွဲ့ဝင်အင် အားထပ်မံလိုအပ်တယ်ဆိုတာကို ထောက်ပြနေတာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒါဟာ လူ့အသိုင်းအဝိုင်းအားလုံးကနေ ကျယ်ပြန့်တဲ့အမျိုးသားစစ်မှုထမ်းဆောင်ရေးအစီအစဉ်ဆောင်ရွက်ဖို့လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆင်ရေးလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အစ္စရေးတပ်မတော်မှာ စစ်မှုထမ်းဥပဒေအရ ဂျူးလူမျိုးတွေဟာ အမျိုးသားက ၃၂ လ (၂ နှစ်နဲ့ ၈ လ) နဲ့ အမျိုးသမီးက ၂၄ လ (၂ နှစ်) စစ်မှုထမ်းဖို့ လိုအပ်ပါတယ်။

 

၁.၃ သန်းဝန်းကျင်ရှိတဲ့ ရှေးရိုးစွဲအော်သိုဒေါက်ခရစ်ယာန်တွေဟာ အစ္စရေးနိုင်ငံ ဂျူးလူဦးရေရဲ့ ၁၄% ရှိကြောင်း အစ္စရေးဒီမိုကရေစီအင်စတီကျု (IDI) က ပြောပါတယ်။

 

စစ်မှုထမ်းဆောင်ဖို့ အကျုံးဝင်တဲ့အသက်အရွယ်ရှိတဲ့သူတွေထဲက လူဦးရေ ၆၆,၀၀၀ ကို စစ်မှုထမ်းကင်းလွတ် ခွင့်ပြုထားတယ်လို့ အစ္စရေးကြည်းတပ်က ပြောပါတယ်။

 

၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ စတင်တည်ထောင်ကတည်းက ကျင့်သုံးခဲ့တဲ့ ဥပဒေအရ ရှေးရိုးစွဲအော်သိုဒေါက် ခရစ်ယာန်တွေဟာ ဂျူးလူမျိုးတွေရဲ့ ဘာသာရေး၊ သမိုင်း၊ ယဉ်ကျေးမှုတွေကို သင်ယူလေ့လာမယ်လို့ ဆုံးဖြတ် ထားရင် စစ်မှုထမ်းဆောင်ခြင်းက ကင်းလွတ်ခွင့်ပြုထားပါတယ်။

 

ဇွန်လမှာတော့ “လုံလောက်တဲ့ ဥပဒေကြောင်းအရ အကြောင်းပြချက်တစ်ခုခု မရှိခဲ့ရင် အစိုးရအနေနဲ့ အော်သို ဒေါက်တွေရဲ့ စစ်မှုထမ်းဆောင်ခြင်းကင်းလွတ်ခွင့်ကို ဆက်လက်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း” ဆုံးဖြတ်လိုက် ပြီးနောက် အော်သိုဒေါက်ရဟန်းဖြစ်တက္ကသိုလ် တက်နေတဲ့ကျောင်းသားတွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ အစ္စရေး တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က ၁၂၀၀ ဝန်းကျင် သေဆုံးခဲ့ သလို အစ္စရေးတွေရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ လူဦးရေ ၄၃,၃၇၄ ဦး သေဆုံး သွားပြီဖြစ်ပါတယ်။

 

Ref: Israel Issues 7,000 New Draft Orders for Ultra-Orthodox Members

 

#PeopleMedia


Share this post