• Follow Us on
Latest News

Home အေးသာယာမြို့ (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးက စမတ်ကတ်လုပ်ရန်အတွက်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် (၁၂၀၀၀) ကောက်ခံနေ

အေးသာယာမြို့ (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးက စမတ်ကတ်လုပ်ရန်အတွက်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် (၁၂၀၀၀) ကောက်ခံနေ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ စမတ်ကတ်လုပ်ရန်အတွက်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် (၁၂၀၀၀) ကောက်ခံနေကြောင်း သိရသည်။

စက်တင်ဘာလ (၂၅)ရက်က အေးသာယာမြို့ ရပ်ကွက် (၁၀) အုပ်ချုပ်ရေးမှူး ဦးစိုးတင့်အနေဖြင့် စမတ်ကတ်လုပ်ရန်အတွက်ဟုဆိုကာ အခကြေးငွေများ ကောက်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယင်းနောက်တွင် အဆိုပါ အုပ်ချုပ်ရေးမှူးရုံးအနီးရှိ တော်ဝင်သဇင်ခန်းမတွင် စမတ်ကတ်လုပ်ရန်အတွက် ဖောင်ဖြည့်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းအပြင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်အနေဖြင့် စစ်မှုထမ်းဥပဒေအရဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် (၁၀၀၀၀)နှုန်း ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

#PeopleMedia


Share this post