
PUBLISHED - August 5, 2020
ရန်ကုန်၊ သြဂုတ် ၅
အခြေခံကျောင်းများအပေါ် ကန့်သတ်ထားသည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ သြဂုတ်လ ၅ ရက် people media က ဆက်သွယ်မေးမြန်းရာတွင် တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂမှအမှုဆောင် ဒေါက်တာ အာကာမိုးသူကပြောကြားခဲ့သည်။
(unicode)
အခြေခံပညာကျောင်းများကို အဆင့် A၊ B၊ C သတ်မှတ်၍ ဖွင့်ခိုင်းနေခြင်းမှာ ပညာရေးဝန်ကြီး ဉာဏ်နည်း ကြောင်း ပေါ်လွင်ဟု ဆရာများသမဂ္ဂဝေဖန်
……………………………………………………
ရန်ကုန်၊ ဩဂုတ် ၅
အခြေခံပညာကျောင်းများကို အဆင့် A၊ B၊ C သတ်မှတ်၍ဖွင့်ခိုင်းနေခြင်းမှာ ပညာရေးဝန်ကြီး ဉာဏ်နည်း ကြောင်း ပေါ်လွင်ဟု တက္ကသိုလ်ဆရာ၊ဆရာများ သမဂ္ဂမှ အမှုဆောင် ဒေါက်တာအာကာမိုးသူကပြောသည်။
အခြေခံကျောင်းများအပေါ် ကန့်သတ်ထားသည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ဩဂုတ်လ ၅ ရက် people media က ဆက်သွယ်မေးမြန်းရာတွင် တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂမှအမှုဆောင် ဒေါက်တာ အာကာမိုးသူကပြောကြားခဲ့သည်။
“ကျွန်တော်မြင်တာကတော့ တန်းတူညီမျှရေးကို သွားမြင်တယ်။ပညာသင်ကြားခွင့်ဆိုတာတန်းတူအခွင့်အ ေရးရရမယ်လေ။ အဆင့်မမှီတဲ့ကျောင်းတောင်သူ ကဘယ်လိုမြှင့်တင်ပေးမလဲစဉ်းစားပေးရမှာ ပေါ့။အဲဒီစဉ်းစား ချက်မရှိဘူးဆိုရင်တော့ကလေးတွေနစ်နာမှာပေါ့။ အခုက သူကကောင်းတဲ့ကျောင်းတွေဆိုဖွင့် ေပါ့။ ပညာရေး ဝန်ကြီး ဉာဏ်နည်းတာဖြစ်မှာပေါ့။ အဲဒီလိုမျိုးပေါ့’’ဟု ၎င်းကပြောသည်။
Covid 19ကာလအတွင်း အခြေခံပညာကျောင်းများကို ရောဂါကာကွယ်ရေး သတ်မှတ်သည့်အဆင့်Aရမှသာ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီး ဇူလိုင်၂၀ရက်နေ့ထိ အဆင့်အေရရှိသည့်ကျောင်း ၃၇၇၂ကျောင်း၊ အဆင့်ဘီရရှိသည့်ကျောင်း ၁၂၂၀ကျောင်း၊အဆင့်စီရရှိသည့်ကျောင်း ၈၃၈ကျောင်းရရှိပြီး ကျောင်းများကိုရောဂါကာကွယ်ရေး အဆင့်မီသည့်ကျောင်းဖြစ်ရေး ပြုလုပ်ရသည်တို့မှာ အခက်အခဲရှိကြောင်း ဆရာများကလည်းဆိုကြသည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လက်အောက်တွင် အခြေခံပညာကျောင်းပေါင်းလေး ေသာင်းကျော်ရှိပြီး လက်ရှိတွင် အထက်တန်းအဆင့်ကျောင်းများသာအဆင့်သတ်မှတ်ချ က်နှင့် အညီဖွင့်လှစ်ခွင့်ပြုနေပြီး အလယ်တန်း၊ မူလတန်းများမှာ ကျောင်းသို့တက်ရောက်ခွင့်မပြု ေသးကြောင်းသိရသည်။