အခြေခံပညာကျောင်းများ နိုဝင်ဘာလဆန်း၌ ပြန်လည်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန စီစဉ်နေ

PUBLISHED - October 11, 2021
နေပြည်တော်၊ အောက်တိုဘာ ၁၁ (People Media)
တိုင်းဒေသကြီး/ပြည်နယ်များရှိ အခြေခံပညာကျောင်းများကို နိုဝင်ဘာလဆန်း၌ ပြန်လည်ဖွင့်လှစ်ရန် ပညာရေး ဝန်ကြီးဌာန စီစဉ်နေလျက်ကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက People Media ကို ပြောသည်။
COVID19 ရောဂါကြောင့် အခြေခံပညာကျောင်းများကို လက်ရှိအချိန်၌ ပိတ်ထားသော်လည်း ကျောင်းသား ကျောင်းသူများ စာသင်နှစ် (၁) နှစ် မနစ်နာစေရေးအတွက် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။
လက်ရှိအချိန်၌ ပညာရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ပညာရေးဌာနများထံ အထက်တန်း၊ အလယ်တန်း၊ မူလ တန်းကျောင်းများကို ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခြင်း၊ စာသင်ခန်းများ ပြင် ဆင်ခြင်းလုပ်ငန်းများအား ကြိုတင်စီစဉ်ဆောင်ရွက်ထားရန် ညွှန်ကြားထားသည်။
#PeopleMedia #COVID19 #ပညာရေး
(unicode)
………………………………………………………………………