အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် အသင့်ပြင်ထားရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြားထား

PUBLISHED - October 1, 2021
နေပြည်တော်၊ အောက်တိုဘာ ၁ (People Media)
အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် အသင်ပြင်ထားရန် ပညာရေးဝန်ကြီးဌာနက သက်ဆိုင်ရာပညာရေးဌာနအဆင့်ဆင့်ထံ ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားစာ၌ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းအုပ်များအနေဖြင့် ကျောင်းဥပတိရုပ်ကောင်းမွန်စေ ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရန်၊ COVID 19 စည်းကမ်းချက်နှင့်အညီ ကျောင်းအား ပြန်လည်ဖွင့်လှစ်နိုင် ရန်အတွက် စနစ်တကျပြင်ဆင်ဆောင်ရွက်ထားရန်၊ ကျောင်းပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ကျောင်းသားစာရင်းများ ကို ကျား/မ ခွဲခြား၍ (ရှိ၊တက်၊ပျက်) စာရင်းအား နေ့စဉ်ပေးပို့ရန်ဟု ပါရှိသည်။
ယင်းအပြင် ကျောင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်း များအနေဖြင့် COVID 19 ကာကွယ်ဆေးထိုးမထိုးရသေးသည့် စာရင်းအား ပေးပို့ရန်၊ အသက် ၁၂ မှ ၁၈ အတွင်း ကျောင်းသားဦးရေကို ကျား/မ ခွဲခြား၍ အတန်းလိုက် မိခင်အမည်၊ ဖခင်အမည်၊ မွေးသက္ကရာဇ်၊ အသက်၊ အတန်း၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာများအား ပေးပို့ရန်စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်ခဲ့ခြင်းကြောင့် ဇွန်လမှ စတင်ကာ အခြေခံပညာကျောင်းများကို ပိတ်ထားခဲ့ရပြီး လာမည့် အောက်တိုဘာ ၂၄ ရက်နေ့ နောက်ပိုင်းတွင် အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းအပြင် ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင်လည်း အသက် ၁၂ မှ ၁၈ အတွင်း ကျောင်းသား/ကျောင်းသူ များကို COVID 19 ကာကွယ်ဆေးများကိုလည်း စီမံဆောင်သွားမည်ဖြစ်ကြောင်း န-စ-က ဒု-ဥက္ကဋ္ဌက ပြောဆို ထားသည်။
Photo – Credit (စာသင်ကျောင်းအချို့ မီးရှို့ဖျက်ဆီးခံရမှုမြင်ကွင်း)
#PeopleMedia #ကျောင်း #ပညာရေး
(unicode)
………………………………………………………………………