အျငင္းပြားကြၽန္းစုအနီး စစ္ေရးေလ့က်င့္မႈေတြ မျပဳလုပ္ဖို႔ ဗီယက္နမ္က တ႐ုတ္ကို သတိေပး
PUBLISHED - August 27, 2020
ႏိုင္ငံတကာ၊ ၾသဂုတ္ ၂၆
ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ပါရာဆယ္ကြၽန္းစုအနီး တ႐ုတ္ႏိုင္ငံ၏ စစ္ေရးေလ့က်င့္မႈမ်ားက တိုင္း ျပည္၏ အခ်ဳပ္အခ်ာအာဏာႏွင့္ ေဒသတြင္းၿငိမ္းခ်မ္းေရးကို ထိခိုက္ေစသည္ဟု ဆိုကာ ဗီယက္နမ္ႏိုင္ငံက ရႈတ္ခ် လိုက္သည္။
ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ပါရာဆယ္ကြၽန္းစုအနီး တ႐ုတ္ေရတပ္က ျသဂုတ္လ ၂၄ ရက္မွ ၂၉ ရက္ အထိ က်ည္အစစ္ျဖင့္ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေနမႈႏွင့္ပတ္သက္၍ ဗီယက္နမ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ လီသီသူဟန္က ကန္႔ကြက္ေၾကညာခ်က္ ယေန႔ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
ေတာင္တ႐ုတ္ပင္လယ္အတြင္း ဗီယက္နမ္ႏိုင္ငံ၏ အခ်ဳပ္အခ်ာအာဏာပိုင္နက္အတြင္း တ႐ုတ္ႏိုင္ငံက စစ္ေရးေလ့က်င့္မႈမ်ား ထပ္တလဲလဲ ျပဳလုပ္ေနမႈက ေတာင္တ႐ုတ္ပင္လယ္တြင္းႏိုင္ငံမ်ား က်င့္ဝတ္ေၾကညာ ခ်က္ကို ခ်ိဳးေဖာက္ေၾကာင္း၊ တ႐ုတ္ႏွင့္ အာဆီယံႏိုင္ငံမ်ားၾကား ေစ့စပ္ညႇိႏႈိင္းမႈကိုလည္း ထိခိုက္ေစေၾကာင္း၊ ေတာင္တ႐ုတ္ပင္လယ္အတြင္း ၿငိမ္းခ်မ္းေသာ၊ တည္ၿငိမ္ေသာ ပူးေပါင္းေဆာင္ရြက္ေသာ ပတ္ဝန္းက်င္အေျခအ ေနကို ထိခိုက္မႈျဖစ္ေစေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။
တ႐ုတ္ႏိုင္ငံက ဗီယက္နမ္ႏိုင္ငံ၏ ပါရာဆယ္ကြၽန္းစုႏွင့္ပတ္သက္ေသာ အခ်ဳပ္အခ်ာအာဏာကို ေလးစား သမႈရွိလ်င္ စစ္ေရးေလ့က်င့္မႈမ်ား ဖ်က္သိမ္းၿပီး အလားတူလုပ္ရပ္မ်ိဳး ျပဳလုပ္ျခင္းမွေရွာင္ၾကဉ္ရမည္ဟု ဗီယက္နမ္ႏိုင္ငံက ဆိုသည္။
တ႐ုတ္ႏိုင္ငံက ၁၉၇၄ ခုႏွစ္တြင္ ဗီယက္နမ္ႏိုင္ငံထံမွ အင္အားအသုံးျပဳ၍ ပါရာဆယ္ကြၽန္းကို သိမ္းပိုက္ ခဲ့ျခင္းျဖစ္သည္။
ယခုလအေစာပိုင္းတြင္ တ႐ုတ္ႏိုင္ငံက ဝူဒီကြၽန္းသို႔ ဗုံးႀကဲေလယာဉ္မ်ား ေစလႊတ္ခဲ့ရာ ဗီယက္နမ္ႏိုင္ငံ၌ ဆႏၵျပမႈမ်ား ျဖစ္ေပၚခဲ့သည္။
ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ စပရတ္တေလကြၽန္းစုမွာ ဗီယက္နမ္ႏိုင္ငံႏွင့္ ခြဲျခား၍မရေၾကာင္း၊ အဆို ပါကြၽန္းစုကို ဗီယက္နမ္ႏိုင္ငံက ပိုင္ဆိုင္ခဲ့သည္မွာ ဥပေဒပိုင္းႏွင့္ သမိုင္းေၾကာင္းအရ ခိုင္မာေသာ အေထာက္အ ထားမ်ားရွိေၾကာင္း လီသီသူဟန္က ဆိုသည္။
ကိုးကား – ဗြီအင္န္အက္စ္
Ref; Việt Nam demands China to stop military exercises in Paracel islands
(unicode)
အငြင်းပွားကျွန်းစုအနီး စစ်ရေးလေ့ကျင့်မှုတွေ မပြုလုပ်ဖို့ ဗီယက်နမ်က တရုတ်ကို သတိပေး
…………………………………………………
နိုင်ငံတကာ၊ ဩဂုတ် ၂၆
တောင်တရုတ်ပင်လယ်အတွင်းရှိ ပါရာဆယ်ကျွန်းစုအနီး တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများက တိုင်း ပြည်၏ အချုပ်အချာအာဏာနှင့် ဒေသတွင်းငြိမ်းချမ်းရေးကို ထိခိုက်စေသည်ဟု ဆိုကာ ဗီယက်နမ်နိုင်ငံက ရှုတ်ချ လိုက်သည်။
တောင်တရုတ်ပင်လယ်အတွင်းရှိ ပါရာဆယ်ကျွန်းစုအနီး တရုတ်ရေတပ်က သြဂုတ်လ ၂၄ ရက်မှ ၂၉ ရက် အထိ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေမှုနှင့်ပတ်သက်၍ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လီသီသူဟန်က ကန့်ကွက်ကြေညာချက် ယနေ့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်အတွင်း ဗီယက်နမ်နိုင်ငံ၏ အချုပ်အချာအာဏာပိုင်နက်အတွင်း တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုများ ထပ်တလဲလဲ ပြုလုပ်နေမှုက တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ ကျင့်ဝတ်ကြေညာ ချက်ကို ချိုးဖောက်ကြောင်း၊ တရုတ်နှင့် အာဆီယံနိုင်ငံများကြား စေ့စပ်ညှိနှိုင်းမှုကိုလည်း ထိခိုက်စေကြောင်း၊ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းသော၊ တည်ငြိမ်သော ပူးပေါင်းဆောင်ရွက်သော ပတ်ဝန်းကျင်အခြေအ နေကို ထိခိုက်မှုဖြစ်စေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံ၏ ပါရာဆယ်ကျွန်းစုနှင့်ပတ်သက်သော အချုပ်အချာအာဏာကို လေးစား သမှုရှိလျင် စစ်ရေးလေ့ကျင့်မှုများ ဖျက်သိမ်းပြီး အလားတူလုပ်ရပ်မျိုး ပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်ဟု ဗီယက်နမ်နိုင်ငံက ဆိုသည်။
တရုတ်နိုင်ငံက ၁၉၇၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံထံမှ အင်အားအသုံးပြု၍ ပါရာဆယ်ကျွန်းကို သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်။
ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံက ဝူဒီကျွန်းသို့ ဗုံးကြဲလေယာဉ်များ စေလွှတ်ခဲ့ရာ ဗီယက်နမ်နိုင်ငံ၌ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်းရှိ စပရတ်တလေကျွန်းစုမှာ ဗီယက်နမ်နိုင်ငံနှင့် ခွဲခြား၍မရကြောင်း၊ အဆို ပါကျွန်းစုကို ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်ခဲ့သည်မှာ ဥပဒေပိုင်းနှင့် သမိုင်းကြောင်းအရ ခိုင်မာသော အထောက်အ ထားများရှိကြောင်း လီသီသူဟန်က ဆိုသည်။
ကိုးကား – ဗွီအင်န်အက်စ်
Ref; Việt Nam demands China to stop military exercises in Paracel islands