အျငင္းပြားနယ္စပ္မွာ တပ္ဖြဲ႕ေတြစုၿပံဳတပ္စြဲထားတယ္လို႔ တ႐ုတ္ကို အိႏိၵယစြပ္စြဲ

PUBLISHED - June 26, 2020
နယူးေဒလီ၊ ဇြန္ ၂၆
ႏွစ္ဖက္သေဘာတူညီခ်က္ေတြကိုခ်ိဳးေဖာက္ၿပီး အျငင္းပြားေနတဲ့နယ္စပ္မွာ တ႐ုတ္ႏိုင္ငံဟာ တပ္ဖြဲ႕၀င္အေရ အတြက္အျမားအျပားနဲ႔ လက္နက္ေတြျဖန္႔က်က္ေနရာခ်ထားတယ္လို႔ အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီးဌာနက ၾကာ သပေတးေန႔မွာထုတ္ျပန္ပါတယ္။
ၿပီးခဲ့တဲ့တစ္ပတ္မွာ ႏွစ္ဖက္တပ္ဖြဲ႔ေတြ ထိေတြ႕မႈျဖစ္ခဲ့လို႔ အိႏိၵယတပ္ဖြဲ႔၀င္အနည္းဆံုး ၂၀ ေသဆံုးခဲ့တဲ့ျဖစ္ရပ္ ေနာက္ပိုင္းမွာ အခုျဖစ္ရပ္ေတြဆက္တိုက္ျဖစ္လာတာပါ။
ထိေတြ႕ခဲ့တဲ့ျပႆနာအတြင္းပိုင္းမွာ ေမလကတည္းက အမွန္တကယ္ထိန္းသိမ္းထားတဲ့နယ္ေျမ (LAC) တစ္ ေလွ်ာက္မွာ တ႐ုတ္ႏိုင္ငံက တပ္ဖြဲ႔ေတြနဲ႔ လက္နက္ေတြျဖန္႔က်က္ေနတာျဖစ္တယ္လို႔ အိႏၵိယႏိုင္ငံျခားေရး ၀န္ႀကီးဌာနေျပာခြင့္ရသူအႏူရက္ ဆရီဗာစတာဗာက သတင္းစာ႐ွင္းလင္းပြဲမွာေျပာပါတယ္။
၁၉၉၃ ခုႏွစ္မွာ အိႏၵိယနဲ႔တ႐ုတ္တို႔ နယ္စပ္မွာ ကန္႔သတ္ထားတဲ့တပ္ေနရာခ်ထားမႈေတြလုပ္ဖို႔ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး တ႐ုတ္ႏိုင္ငံရဲ႕လုပ္ရပ္ဟာ စာခ်ဳပ္ကိုခ်ိဳးေဖာက္ေနတာလို႔လည္း သူကေျပာပါတယ္။
အနည္းဆံုးၿပီးခဲ့တဲ့ဆယ္စုႏွစ္ ၅ စုအတြင္းမွာ အျပင္းအထန္ဆံုးျဖစ္တဲ့ထိေတြ႕မႈဟာ အိႏၵိယေၾကာင့္ျဖစ္တာလို႔ တ႐ုတ္ဘက္ကစြပ္စြဲၿပီး အိႏိၵယတပ္ဖြဲ႔ေတြဟာ တ႐ုတ္အရာ႐ွိေတြနဲ႔စစ္သားေတြကို တိုက္ခိုက္ခဲ့တာလို႔ ေျပာပါ တယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ကထိေတြ႕မႈေနာက္ပိုင္း ႏွစ္ႏိုင္ငံစစ္တပ္ေတြက အရာ႐ွိေတြေတြ႕ဆံုၫွိႏႈိင္းၿပီး အျငင္းပြား နယ္ေျမကေနတပ္ဆုတ္ဖို႔ သေဘာတူခဲ့ေပမဲ့ ၿဂိဳဟ္တုဓာတ္ပံုေတြအရ အျငင္းပြားေနတဲ့ဂါလြမ္ေတာင္ၾကားမွာ ကိုယ္ေယာင္ေဖ်ာက္ထားတဲ့တဲေတြ၊ ဖံုးထားတဲ့အေဆာက္အအံုေတြနဲ႔ နံရံေတြ၊ အတားအဆီးေတြနဲ႔ ေဆာက္ လုပ္ဆဲစခန္းေတြျဖစ္ႏိုင္တာေတြကို ေတြ႕ရပါတယ္။
Ref : India accuses China of amassing troops along border in violation of agreements
(unicode)
အငြင်းပွားနယ်စပ်မှာ တပ်ဖွဲ့တွေစုပြုံတပ်စွဲထားတယ်လို့ တရုတ်ကို အိန္ဒိယစွပ်စွဲ
……………………………………………………
နယူးဒေလီ၊ ဇွန် ၂၆
နှစ်ဖက်သဘောတူညီချက်တွေကိုချိုးဖောက်ပြီး အငြင်းပွားနေတဲ့နယ်စပ်မှာ တရုတ်နိုင်ငံဟာ တပ်ဖွဲ့ဝင်အရေ အတွက်အမြားအပြားနဲ့ လက်နက်တွေဖြန့်ကျက်နေရာချထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာ သပတေးနေ့မှာထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်မှာ နှစ်ဖက်တပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်ခဲ့လို့ အိန္ဒိယတပ်ဖွဲ့ဝင်အနည်းဆုံး ၂၀ သေဆုံးခဲ့တဲ့ဖြစ်ရပ် နောက်ပိုင်းမှာ အခုဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတာပါ။
ထိတွေ့ခဲ့တဲ့ပြဿနာအတွင်းပိုင်းမှာ မေလကတည်းက အမှန်တကယ်ထိန်းသိမ်းထားတဲ့နယ်မြေ (LAC) တစ် လျှောက်မှာ တရုတ်နိုင်ငံက တပ်ဖွဲ့တွေနဲ့ လက်နက်တွေဖြန့်ကျက်နေတာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူအနူရက် ဆရီဗာစတာဗာက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
၁၉၉၃ ခုနှစ်မှာ အိန္ဒိယနဲ့တရုတ်တို့ နယ်စပ်မှာ ကန့်သတ်ထားတဲ့တပ်နေရာချထားမှုတွေလုပ်ဖို့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး တရုတ်နိုင်ငံရဲ့လုပ်ရပ်ဟာ စာချုပ်ကိုချိုးဖောက်နေတာလို့လည်း သူကပြောပါတယ်။
အနည်းဆုံးပြီးခဲ့တဲ့ဆယ်စုနှစ် ၅ စုအတွင်းမှာ အပြင်းအထန်ဆုံးဖြစ်တဲ့ထိတွေ့မှုဟာ အိန္ဒိယကြောင့်ဖြစ်တာလို့ တရုတ်ဘက်ကစွပ်စွဲပြီး အိန္ဒိယတပ်ဖွဲ့တွေဟာ တရုတ်အရာရှိတွေနဲ့စစ်သားတွေကို တိုက်ခိုက်ခဲ့တာလို့ ပြောပါ တယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကထိတွေ့မှုနောက်ပိုင်း နှစ်နိုင်ငံစစ်တပ်တွေက အရာရှိတွေတွေ့ဆုံညှိနှိုင်းပြီး အငြင်းပွား နယ်မြေကနေတပ်ဆုတ်ဖို့ သဘောတူခဲ့ပေမဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ အငြင်းပွားနေတဲ့ဂါလွမ်တောင်ကြားမှာ ကိုယ်ယောင်ဖျောက်ထားတဲ့တဲတွေ၊ ဖုံးထားတဲ့အဆောက်အအုံတွေနဲ့ နံရံတွေ၊ အတားအဆီးတွေနဲ့ ဆောက် လုပ်ဆဲစခန်းတွေဖြစ်နိုင်တာတွေကို တွေ့ရပါတယ်။
Ref : India accuses China of amassing troops along border in violation of agreements