အျငင္းပြားမႈျဖစ္ပြားေနသည့္ လာဒါခ္နယ္စပ္ေဒသသို႔ အိႏၵိယတပ္မေတာ္ က တင့္ကားမ်ား၊ သံခ်ပ္ကာယာဥ္မ်ား ျဖန္႔ၾကက္လိုက္ၿပီ

PUBLISHED - July 28, 2020
ႏိုင္ငံတကာ၊ ဇူလိုင္ ၂၈
အျငင္းပြား လာဒါခေဒသ၌ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္ဖြဲ႕က တပ္ဖြဲ႕ဝင္မ်ား၊ လက္နက္ခဲယမ္းမ်ား အင္အားျဖည့္တင္းမႈ ျပဳလုပ္ေနေၾကာင္း ၿဂိဳဟ္တုဓာတ္ပုံမ်ားက ျပသေနခ်ိန္ အိႏၵိယအစိုးရကလည္း လက္ နက္ခဲယမ္းမ်ားႏွင့္ တပ္ဖြဲ႕ဝင္မ်ား ေစလႊတ္လိုက္ေၾကာင္းသိရသည္။
အိႏၵိယႏိုင္ငံက လာဒါခ္ေဒသ၌ တ႐ုတ္တပ္ဖြဲ႕ဝင္မ်ား၏ က်ဴးေက်ာ္တိုက္ခိုက္မႈကိုကာကြယ္ရန္ T-90 တင့္ကားမ်ား၊ သံခ်ပ္ကာယာဉ္မ်ားႏွင့္ အင္အား ၄၀၀၀ ပါ တပ္မဟာတစ္ခု ျဖန္႔ၾကက္ခဲ့ေၾကာင္း အိႏၵိယသတင္းစာ ဟိႏၵဴစတန္တိုင္းမ္က ေဖာ္ျပခဲ့သည္။
တ႐ုတ္ျပည္သူ့လြတ္ေျမာက္ေရးတပ္မေတာ္က အင္အား ၅၀၀၀၀ ျဖန္႔ၾကက္ထားရာ အက္ခ္ဆိုင္းခ်င္းဧရိယာ၌ တ႐ုတ္တပ္ဖြဲ႕ဝင္မ်ား ႐ုတ္သိမ္းရန္ ေဆြးေႏြးမႈမ်ား မေအာင္မျမင္ျဖစ္ၿပီးေနာက္ အိႏၵိယႏိုင္ငံက ထိုသို႔ လက္နက္ ခဲယမ္းမ်ားႏွင့္ တပ္ဖြဲ႕ဝင္အင္အား ျဖည့္တင္းခဲ့ျခင္းျဖစ္သည္။
အိႏၵိယတပ္မေတာ္က လာဒါခ္ေဒသသို႔ အင္အားျဖည့္တင္းမႈမ်ား ျပဳလုပ္ေနသလို တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ ေရးတပ္မေတာ္၏ လႈပ္ရွားမႈမ်ားကို အနီးကပ္ေစာင့္ၾကည့္လ်က္ရွိသည္။
တ႐ုတ္တပ္ဖြဲ႕မ်ားက အိႏၵိယပိုင္နက္နယ္ေျမအတြင္း ၈ ကီလိုမီတာအထိ က်ဴးေက်ာ္ေရာက္ရွိေနေၾကာင္း အစိုး ရသတင္းရင္းျမစ္တစ္ခုအရသိရသည္။
အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွာ ဧၿပီလအတြင္း နယ္စပ္တစ္ေလ်ာက္ အိႏၵိယႏိုင္ငံက အေျခခံအေဆာက္အအုံ တည္ေဆာက္မႈကို တ႐ုတ္ႏိုင္ငံက ကန္႔ကြက္ၿပီးေနာက္ စတင္ခဲ့သည့္ အရွည္ၾကာဆုံးေသာတင္းမာမႈမ်ား ျဖစ္ ပြားလ်က္ရွိသည္။
ကိုးကား – စပြတ္ညစ္
Ref; India deploys T-90 tanks in Ladakh as satellite images show massive military build-up by China
#PeopleMedia
(unicode)
အငြင်းပွားမှုဖြစ်ပွားနေသည့် လာဒါခ်နယ်စပ်ဒေသသို့ အိန္ဒိယတပ်မတော် က တင့်ကားများ၊ သံချပ်ကာယာဉ်များ ဖြန့်ကြက်လိုက်ပြီ
…………………………………………………
နိုင်ငံတကာ၊ ဇူလိုင် ၂၈
အငြင်းပွား လာဒါခဒေသ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများ အင်အားဖြည့်တင်းမှု ပြုလုပ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများက ပြသနေချိန် အိန္ဒိယအစိုးရကလည်း လက် နက်ခဲယမ်းများနှင့် တပ်ဖွဲ့ဝင်များ စေလွှတ်လိုက်ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံက လာဒါခ်ဒေသ၌ တရုတ်တပ်ဖွဲ့ဝင်များ၏ ကျူးကျော်တိုက်ခိုက်မှုကိုကာကွယ်ရန် T-90 တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် အင်အား ၄၀၀၀ ပါ တပ်မဟာတစ်ခု ဖြန့်ကြက်ခဲ့ကြောင်း အိန္ဒိယသတင်းစာ ဟိန္ဒူစတန်တိုင်းမ်က ဖော်ပြခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အင်အား ၅၀၀၀၀ ဖြန့်ကြက်ထားရာ အက်ခ်ဆိုင်းချင်းဧရိယာ၌ တရုတ်တပ်ဖွဲ့ဝင်များ ရုတ်သိမ်းရန် ဆွေးနွေးမှုများ မအောင်မမြင်ဖြစ်ပြီးနောက် အိန္ဒိယနိုင်ငံက ထိုသို့ လက်နက် ခဲယမ်းများနှင့် တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းခဲ့ခြင်းဖြစ်သည်။
အိန္ဒိယတပ်မတော်က လာဒါခ်ဒေသသို့ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသလို တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။
တရုတ်တပ်ဖွဲ့များက အိန္ဒိယပိုင်နက်နယ်မြေအတွင်း ၈ ကီလိုမီတာအထိ ကျူးကျော်ရောက်ရှိနေကြောင်း အစိုး ရသတင်းရင်းမြစ်တစ်ခုအရသိရသည်။
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှာ ဧပြီလအတွင်း နယ်စပ်တစ်လျောက် အိန္ဒိယနိုင်ငံက အခြေခံအဆောက်အအုံ တည်ဆောက်မှုကို တရုတ်နိုင်ငံက ကန့်ကွက်ပြီးနောက် စတင်ခဲ့သည့် အရှည်ကြာဆုံးသောတင်းမာမှုများ ဖြစ် ပွားလျက်ရှိသည်။
ကိုးကား – စပွတ်ညစ်
Ref; India deploys T-90 tanks in Ladakh as satellite images show massive military build-up by China
#PeopleMedia