အျငင္းပြား လာဒါနယ္စပ္ေဒသသို႔ ေနာက္ထပ္တပ္ဖြဲ႕ဝင္ ၁၀၀၀၀ တ႐ုတ္ ျဖန္႔ၾကက္လိုက္ၿပီ

PUBLISHED - September 17, 2020
ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၆
ၿပိဳင္ဘက္ႏွစ္ႏိုင္ငံၾကား ငါးလနီးပါးၾကာ တင္းမာမႈမ်ား ျဖစ္ပြားေနသည့္ ဟိမဝႏၲာေဒသရွိ လာဒါဧရိယာ သို႔ အိႏၵိယႏွင့္တ႐ုတ္ႏိုင္ငံတို႔က အင္အားျဖည့္တင္းမႈမ်ား ျပဳလုပ္လ်က္ရွိသည္။
တင္းမာမႈမ်ားေျဖေလ်ာ့ရန္ သံတမန္ေဆြးေႏြးမႈမ်ား ေဆာင္ရြက္ေနသလို အေျမာက္ႀကီးမ်ား၊ စစ္ဘက္ ဆိုင္ရာ ေထာက္ပံ့ပို႔ေဆာင္မႈမ်ား ဆက္လက္ျပဳလုပ္လ်က္ရွိသည္။
လာဒါေဒသရွိ ထိန္းခ်ဳပ္မ်ဉ္းတစ္ေလ်ာက္ ၿပီးခဲ့သည့္အပတ္ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံက တပ္ဖြဲ႕ဝင္ ၁၀၀၀၀ ေရႊ႕ေျပာင္းခဲ့ရာ ႏ်ဴကလီးယားလက္နက္ပိုင္ အင္အားႀကီးႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ား ဆက္လက္ျဖစ္ပြား ေနေၾကာင္း နယူးေဒလီၿမိဳ႕ရွိ အစိုးရသတင္းရင္းျမစ္မ်ားက ေျပာသည္။
အိႏၵိယႏွင့္တ႐ုတ္တပ္မေတာ္မ်ားၾကား တင္းမာမႈမ်ား ျဖစ္ပြားခဲ့ရာ ပန္ေဂါင္ကန္ေတာင္ပိုင္းသို႔ တ႐ုတ္ တပ္ဖြဲ႕ဝင္ ၁၀၀၀၀ ေစလႊတ္ခဲ့ျခင္းျဖစ္သည္။
စက္တင္ဘာလ ၄ ရက္ႏွင့္ ၁၀ ရက္တြင္ ေမာ္စကိုၿမိဳ႕၌ ႏွစ္ႏိုင္ငံစလုံးမွ ကာကြယ္ေရးဝန္ႀကီးမ်ား၊ ႏိုင္ငံ ျခားေရးဝန္ႀကီးမ်ားက အျငင္းပြားနယ္စပ္တစ္ေလ်ာက္ ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္မႈ ထိန္းသိမ္းရန္ သေဘာတူၿပီး ေနာက္ တ႐ုတ္ႏိုင္ငံက ထိုသို႔တပ္ဖြဲ႕ဝင္မ်ား ေစလႊတ္ခဲ့ျခင္းျဖစ္သည္။
အိႏၵိယတပ္မေတာ္က ပန္ေဂါင္ကန္ေတာင္ပိုင္း၌ ေျမမ်က္ႏွာသြင္ျပင္အရ လႊမ္းမိုမႈရွိေသာေနရာ၌ တပ္စြဲ ထားၿပီး တ႐ုတ္တပ္ဖြဲ႕မ်ား၏ လႈပ္ရွားမႈအေပၚ အေပၚမွၾကည့္ႏိုင္သည့္ အားသားခ်က္ရရွိထားသည္။
အိႏၵိယႏွင့္တ႐ုတ္ႏိုင္ငံတို႔က နယ္စပ္တစ္ေလ်ာက္ ကီလိုမီတာ ၃၅၀၀ နယ္နိမိတ္ခ်င္း ထိစပ္ေနသည္။
နယ္စပ္မ်ဉ္းက အိႏၵိယႏိုင္ငံေျမာက္ပိုင္း ဆစ္ကင္ျပည္နယ္မွ လာဒါေဒသအေရွ႕ပိုင္းတြင္ ပန္ေဂါင္ကန္မွတစ္ဆင့္ ျဖတ္သြားသည္။
ဇြန္လလယ္တြင္ျဖစ္ပြားခဲ့သည့္ တ႐ုတ္တပ္ဖြဲ႕မ်ားႏွင့္ လက္ဗလာရန္ပြဲအတြင္း အိႏၵိယတပ္ဖြဲ႕ဝင္ ၂၀ ဦး ေသဆုံးၿပီးေနာက္ ႏွစ္ႏိုင္ငံၾကား တင္းမာမႈမ်ား ျမင့္တက္လာခဲ့သည္။
ကိုးကား – စပြတ္ညစ္
Ref; China deploys 10,000 additional troops along Ladakh border, Indian gov’t sources claim
(unicode)
အငြင်းပွား လာဒါနယ်စပ်ဒေသသို့ နောက်ထပ်တပ်ဖွဲ့ဝင် ၁၀၀၀၀ တရုတ် ဖြန့်ကြက်လိုက်ပြီ
……………………………………………
နိုင်ငံတကာ၊ စက်တင်ဘာ ၁၆
ပြိုင်ဘက်နှစ်နိုင်ငံကြား ငါးလနီးပါးကြာ တင်းမာမှုများ ဖြစ်ပွားနေသည့် ဟိမဝန္တာဒေသရှိ လာဒါဧရိယာ သို့ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့က အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိသည်။
တင်းမာမှုများဖြေလျော့ရန် သံတမန်ဆွေးနွေးမှုများ ဆောင်ရွက်နေသလို အမြောက်ကြီးများ၊ စစ်ဘက် ဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။
လာဒါဒေသရှိ ထိန်းချုပ်မျဉ်းတစ်လျောက် ပြီးခဲ့သည့်အပတ်နောက်ပိုင်း တရုတ်နိုင်ငံက တပ်ဖွဲ့ဝင် ၁၀၀၀၀ ရွှေ့ပြောင်းခဲ့ရာ နျူကလီးယားလက်နက်ပိုင် အင်အားကြီးနှစ်နိုင်ငံကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွား နေကြောင်း နယူးဒေလီမြို့ရှိ အစိုးရသတင်းရင်းမြစ်များက ပြောသည်။
အိန္ဒိယနှင့်တရုတ်တပ်မတော်များကြား တင်းမာမှုများ ဖြစ်ပွားခဲ့ရာ ပန်ဂေါင်ကန်တောင်ပိုင်းသို့ တရုတ် တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၄ ရက်နှင့် ၁၀ ရက်တွင် မော်စကိုမြို့၌ နှစ်နိုင်ငံစလုံးမှ ကာကွယ်ရေးဝန်ကြီးများ၊ နိုင်ငံ ခြားရေးဝန်ကြီးများက အငြင်းပွားနယ်စပ်တစ်လျောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှု ထိန်းသိမ်းရန် သဘောတူပြီး နောက် တရုတ်နိုင်ငံက ထိုသို့တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယတပ်မတော်က ပန်ဂေါင်ကန်တောင်ပိုင်း၌ မြေမျက်နှာသွင်ပြင်အရ လွှမ်းမိုမှုရှိသောနေရာ၌ တပ်စွဲ ထားပြီး တရုတ်တပ်ဖွဲ့များ၏ လှုပ်ရှားမှုအပေါ် အပေါ်မှကြည့်နိုင်သည့် အားသားချက်ရရှိထားသည်။
အိန္ဒိယနှင့်တရုတ်နိုင်ငံတို့က နယ်စပ်တစ်လျောက် ကီလိုမီတာ ၃၅၀၀ နယ်နိမိတ်ချင်း ထိစပ်နေသည်။
နယ်စပ်မျဉ်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း ဆစ်ကင်ပြည်နယ်မှ လာဒါဒေသအရှေ့ပိုင်းတွင် ပန်ဂေါင်ကန်မှတစ်ဆင့် ဖြတ်သွားသည်။
ဇွန်လလယ်တွင်ဖြစ်ပွားခဲ့သည့် တရုတ်တပ်ဖွဲ့များနှင့် လက်ဗလာရန်ပွဲအတွင်း အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။
ကိုးကား – စပွတ်ညစ်
Ref; China deploys 10,000 additional troops along Ladakh border, Indian gov’t sources claim