အျပန္အလွန္ မီးအခ်က္ျပေနသူကုိ စစ္ေဆးေခၚယူရာ ထြက္ေျပးသျဖင့္ ေျခာက္လွန္႔ပစ္ခတ္ရာ တစ္ဦးေသဆုံး သြားေၾကာင္း တပ္မေတာ္ထုတ္ျပန္
PUBLISHED - August 27, 2020
ရန္ကုန္၊ ၾသဂုတ္-၂၇
ရခုိင္ျပည္နယ္၊ေက်ာက္ေတာ္ျမိဳ႕၊ေက်ာက္ေတာ္-ဝါးကင္းေက်းရြာသြားလမ္းမေပၚ၌ အျပန္အလွန္ မီးအခ်က္ျပေ နသျဖင့္ စစ္ေဆးရန္ေခၚယူရာ ထြက္ေျပးသျဖင့္ တပ္မေတာ္က လူႏွစ္ဦးကိုေျခာက္လွန္႔ပစ္ခတ္ရာ တစ္ဦးေသဆုံးခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲက သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၾသဂုတ္လ ၂၇ရက္ ယေန႔မနက္ပိုင္း၌ ေက်ာက္ေတာ္-ဝါးကင္း ေက်းရြာသြားလမ္းေၾကာင္းေပၚတြင္ မသကၤာဖြယ္ရာလူႏွစ္ဦးကို စစ္ေဆးရန္ေခၚရာ ထြက္ေျပးသျဖင့္ ေျခာက္လွန္႔ ပစ္ခတ္ခဲ့ရေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
ေသဆုံးသူ အသက္၃၀အရြယ္အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၎တြင္လမ္းေလွ်ာက္ စကားေျပာစက္ တစ္လုံးေငြက်ပ္ ၁၀၀၀ႏွင့္လိုင္စင္မဲ့ဆိုင္ကယ္တစ္စီးတို႔ သိမ္းဆည္းရမိခဲ့ေၾကာင္း၊ ၎ကို သက္ဆိုင္ရာ နယ္ေျမရဲစခန္းသို႔လႊဲ ေျပာင္းေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
ေက်ာက္ေတာ္ျမိဳ႕သည္ ပုဒ္မ၁၄၄ ထုတ္ျပန္ထားသည့္ ျမိဳ႕နယ္တစ္ခုျဖစ္ျပီး နယ္ေျမလုံျခံဳေရးကုိ တပ္မေတာ္က တာဝန္ယူထားသည္။
#PeopleMedia #ေက်ာက္ေတာ္
(unicode)
အပြန်အလှန် မီးအချက်ပြနေသူကို စစ်ဆေးခေါ်ယူရာ ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ရာ တစ်ဦးသေဆုံး သွားကြောင်း တပ်မတော်ထုတ်ပြန်
…………………………………………………
ရန်ကုန်၊ ဩဂုတ်-၂၇
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့၊ကျောက်တော်-ဝါးကင်းကျေးရွာသွားလမ်းမပေါ်၌ အပြန်အလှန် မီးအချက်ပြ ေနသဖြင့် စစ်ဆေးရန်ခေါ်ယူရာ ထွက်ပြေးသဖြင့် တပ်မတော်က လူနှစ်ဦးကိုခြောက်လှန့်ပစ်ခတ်ရာ တစ်ဦးသေဆုံးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၇ရက် ယနေ့မနက်ပိုင်း၌ ကျောက်တော်-ဝါးကင်း ကျေးရွာသွားလမ်းကြောင်းပေါ်တွင် မသင်္ကာဖွယ်ရာလူနှစ်ဦးကို စစ်ဆေးရန်ခေါ်ရာ ထွက်ပြေးသဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သေဆုံးသူ အသက်၃၀အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းတွင်လမ်းလျှောက် စကားပြောစက် တစ်လုံးငွေကျပ် ၁၀၀၀နှင့်လိုင်စင်မဲ့ဆိုင်ကယ်တစ်စီးတို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းကို သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့လွှဲ ပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ကျောက်တော်မြို့သည် ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် မြို့နယ်တစ်ခုဖြစ်ပြီး နယ်မြေလုံခြုံရေးကို တပ်မတော်က တာဝန်ယူထားသည်။
#PeopleMedia #ကျောက်တော်