• Follow Us on
Latest News

Home အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ စွပ်စွဲပြစ်တင်ဖို့တောင်းဆိုမှုတွေ အာဂျင်တီးနားသမ္မတရင်ဆိုင်နေရ

အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ စွပ်စွဲပြစ်တင်ဖို့တောင်းဆိုမှုတွေ အာဂျင်တီးနားသမ္မတရင်ဆိုင်နေရ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈

 

အာဂျင်တီးနားသမ္မတ ဟာဗီယာမီလေးဟာလူမှုကွန်ရက်ပေါ်မှာ ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) ကို အားပေး မြှင့်တင်ပြီး အွန်လိုင်းလိမ်လည်မှုတွေလုပ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွပ်စွဲပြစ်တင်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

လစ်ဘရာဒေါ်လာ ($LIBRA) အွန်လိုင်းငွေကြေးဟာ အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ ကုမ္ပဏီသစ်တွေအတွက် ရန်ပုံ ငွေရှာဖွေရာမှာ အထောက်အကူပြုလိမ့်မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က X လူမှုကွန်ရက်ပေါ်မှာ မီလေးက ရေးသားခဲ့ပါ တယ်။

 

မီလေးဟာ အဲဒီ လစ်ဘရာဒစ်ဂျစ်တယ်ငွေကြေး ဝယ်ယူနိုင်မယ့် လင့်တစ်ခုကိုပါ ပူးတွဲတင်ထားခဲ့တဲ့အတွက် လစ်ဘရာ ငွေကြေးဈေးနှုန်း ထိုးတက်သွားခဲ့ပေမဲ့ နာရီပိုင်းအတွင်းမှာပဲ အဲဒီပို့စ်ကို ပြန်ဖျက်ခဲ့တဲ့အတွက် လစ်ဘရာဒစ်ဂျစ်တယ် ငွေကြေးဈေးနှုန်း ပြန်လည်ထိုးကျသွားခဲ့ပါတယ်။

 

မီလေးရဲ့ လုပ်ရပ်ကြောင့် ရင်းနှီးမြှုပ်နှံသူတွေ အများအပြား ငွေကြေး အမြောက်အမြား ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ သမ္မတမီလေးကို စွပ်စွဲပြစ်တင်ဖို့အတွက် စတင်စီစဉ်နေပြီဖြစ်ကြောင်း ကွန်ဂရက်လွှတ်တော်ထဲက အတိုက်အခံအမတ် တွေက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ ရှေ့နေတွေကလည်း မီးလေးနဲ့ပတ်သက်တဲ့ လိမ်လည်မှုတိုင် ကြားစာတွေကို တနင်္ဂနွေနေ့က အာဂျင် တီးနား ရာဇဝတ်တရားရုံးကို ပေးပို့သွားပြီး အမှုဖွင့်လိုက်ကြတယ်လို့ ဆိုပါတယ်။

 

မီလေးဟာ ကုန်သွယ်မှုတွေရပ်ဆိုင်းပြီး ငွေကြေးကစားလို့ရအောင် အွန်လိုင်းပေါ်မှာ ဒစ်ဂျစ်တယ်ငွေကြေးရောင်းအား တက်လာအောင် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ဆောင်ခဲ့ကြောင်း အွန်လိုင်းပေါ်က လူတချို့က စွပ်စွဲခဲ့ပါတယ်။

 

ဒါပေမဲ့ ဒစ်ဂျစ်တယ်ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ တုံ့ပြန်မှုတွေထွက်ပေါ်လာပြီးနောက် “ထင်မြင်ယူဆ ချက်တွေ” ကို ရှောင်ရှားနိုင်ဖို့ အဲဒီပို့စ်ကို ပြန်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အာဂျင်တီးနား သမ္မတရုံးက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

 

သမ္မတမီလေးဟာ အဆိုပါဒစ်ဂျစ်တယ်ငွေကြေး ထုတ်လုပ်မှုမှာ ဘယ်လိုမှ ပါဝင်ပတ်သက်မှုမရှိကြောင်း၊ အစိုးရရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရုံးက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး သမ္မအပါအဝင် ဘယ်သူတွေပါဝင်သလဲ ဆိုတာ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

Ref: Argentina president faces impeachment calls over crypto crash

 

#PeopleMedia


Share this post