• Follow Us on
Latest News

Home အွန်လိုင်းထောက်ပံ့ငွေကြေးသုံးစွဲမှုကို ကန့်သတ်ထားတာမရှိကြောင်း ထိုင်းအစိုးရပြော

အွန်လိုင်းထောက်ပံ့ငွေကြေးသုံးစွဲမှုကို ကန့်သတ်ထားတာမရှိကြောင်း ထိုင်းအစိုးရပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၇

 

ထိုင်းနိုင်ငံက ပြည်သူတွေကို အွန်လိုင်းကတစ်ဆင့် ထုတ်ပေးထားတဲ့ ဘတ်ငွေ ၁၀၀၀၀ ကို အကြွေးဆပ်တာ အပါအဝင် ၎င်းတို့သုံးချင်တဲ့နေရာမှာ ဝယ်ယူသုံးစွဲနိုင်ကြောင်း ဒုတိယဝန်ကြီးချုပ် ဖမ်သမ်ဝီချာယာချိုင်းက ပြော ကြားလိုက်ပါတယ်။

 

ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၅ ရက်နေ့) က တရားဝင် စတင်ဆောင်ရွက်ခဲ့တဲ့ “အွန်လိုင်းငွေကြေးထောက်ပံ့ရေး အစီအစဉ်” ရဲ့ ပထမအဆင့် ထောက်ပံ့ငွေ လက်ခံရရှိဖို့ အရည်အချင်းပြည့်မီသူ အများအပြားနဲ့ ပတ်သက်တဲ့ သတင်းတွေကို မစ္စတာဖမ်သမ်က အခုလို တုံ့ပြန်ပြောကြားတာဖြစ်ပါတယ်။

 

“သူတို့အနေနဲ့ အကြွေးဆပ်ဖို့လည်း ဒီငွေကြေးကို သုံးစွဲနိုင်ပါတယ်။ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ဒီငွေကြေးတွေကို သုံးစွဲဖို့ သူတို့မှာ အခွင့်အရေးရှိပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ မစ္စတာ ဖမ်သမ်က ကြာသပတေးနေ့က ပြောပါတယ်။

 

“ဒီအစီအစဉ်ဟာ အစိုးရက ၎င်းတို့ကတိအတိုင်း ဆောင်ရွက်ပေးတယ်ဆိုတာကို သက်သေပြလိုက်တာပဲဖြစ်ပါ တယ်။ အစီအစဉ်နောက်တစ်ဆင့်ကို ထပ်မံဆောက်ရွက်မှာပါ။ ပထမအစီအစဉ်ပြီးအောင် စောင့်နေတာပါ။” လို့ ၎င်းက ပြောပါတယ်။

 

ဒီအွန်လိုင်းငွေကြေးထောက်ပံ့မှုအစီအစဉ်ဟာ “မဲဝယ်ဖို့ ကြိုးစားတဲ့ အစီအစဉ်တစ်ရပ်” ဟုတ်မဟုတ် စုံစမ်းစစ် ဆေးပေးဖို့ တောင်းဆိုသွားမယ့်အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့တဲ့ ဝေဖန်သူတချို့ရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း မစိုးရိမ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ကျွန်တော်တို့ အဲဒီခြိမ်းခြောက်မှုကို မစိုးရိမ်ပါဘူး။ ပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ ပြဿနာတွေကိုပဲ ကိုင် တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့ အဓိကအာရုံစိုက်ဆောင်ရွက်နေတာပါ။” လို့ မစ္စတာဖမ်သမ်က ပြောပါတယ်။

 

အွန်လိုင်းငွေကြေးထောက်ပံ့မှုအစီအစဉ်ကနေ ငွေကြေးရရှိခဲ့တဲ့ ပြည်သူတွေကို ၎င်းတို့ရဲ့ အကြွေးတွေ ပြန် လည်ပေးဆပ်ဖို့ ခြိမ်းခြောက်တာတွေ မလုပ်ဖို့ ငွေချေးစားနေသူတွေကိုလည်း ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲ ရေးဝန်ကြီးဖြစ်သူ အနူတင် ချန်းဗီရာကူလ်က ကြာသပတေးနေ့က သတိပေးလိုက်ပါတယ်။

 

အစီအစဉ်စတင်တဲ့ ပထမဦးဆုံးနေ့မှာ ATM စက်မှာ ဘတ်ငွေ ၁၀၀၀၀ ထုတ်ယူဖို့ တန်းစီနေတဲ့ ပြည်သူတွေ ကြားထဲမှာ အတိုးနှုန်းမတန်တဆနဲ့ ငွေတိုးချေးစားနေသူတွေ ရပ်နေတာကိုလည်း မြင်တွေ့ရကြောင်း သတင်း တွေထွက်ပေါ်လာပြီးနောက် ဝန်ကြီးက အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

 

“ငွေချေးယူထားတဲ့သူတွေကို ငွေတိုးချေးစားသူတွေက ခြိမ်းခြောက်အကျပ်ကိုင်တာမျိုးဟာ ဥပဒနဲ့ မညီပါဘူး။” လို့ မစ္စတာအနူတင်က ပြောပါတယ်။

 

အွန်လိုင်းငွေကြေးထောက်ပံ့မှုထုတ်ယူနေသူတွေကို ခြိမ်းခြောက်နေတဲ့ ငွေတိုးချေးစားနေသူတွေကို အရေးယူ ဆောင်ရွက်ဖို့ နိုင်ငံတစ်ဝန်းက ရဲတပ်ဖွဲ့ဝင်တွေကို လက်ထောက်အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယရဲချုပ် ကြီး အက္ကရာဒက်ဖိမွန်ဆရီက ကြာသပတေးနေ့က ညွှန်ကြားထားပါတယ်။

 

အစီအစဉ် ကနဦးအဆင့်ကို အခုလအကုန်အထိ ဆောင်ရွက်သွားမှာဖြစ်ပြီး လူမှုဖူလုံရေးကတ်ကိုင်ဆောင်ထား သူ ပြည်သူ ၁၂.၄ သန်းနဲ့ မသန်စွမ်းကတ်ကိုင်ဆောင်ထားသူ ပြည်သူ ၂.၁ သန်းတို့ကို ၎င်းတို့ရဲ့ မှတ်ပုံတင် နံ ပတ်တွေနဲ့ ချိတ်ဆက်ထားတဲ့ PromptPay ကနေတစ် ဆင့် အွန်လိုင်းထောက်ပံ့မှုငွေကြေး ထုတ်ပေးသွားမှာဖြစ် ပါတယ်။

 

ဒါပေမဲ့ PromptPay ငွေထုတ်ပေးရေးစနစ်ကန့်သတ်ချက်ကြောင့် ဗုဒ္ဓဟူးနေ့က လူမှုဖူလုံရေးကတ်နဲ့ မသန် စွမ်းကတ်ကိုင်ဆောင်ထားသူ ပြည်သူ ၁၄.၅ သန်းအနက် ၃.၁ သန်းကိုသာ တစ်ဦးကို ဘတ် ၁၀,၀၀၀ ထုတ် ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

လူမှုဖူလုံရေးကတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ အခုနှစ်မကုန်ခင်မှာ ထောက်ပံ့ရေးအစီအစဉ်က ပေးမယ့် ဘတ်ငွေ ၁၀၀၀၀ လက်ခံရရှိဖို့အတွက် ၎င်းတို့ရဲ့ မှတ်ပုံတင်နံပတ်တွေကို PromptPay စနစ်နဲ့ ချိတ်ဆက်ထား ဖို့ တိုက်တွန်းထားပါတယ်။

 

Ref: ‘No restrictions’ on handouts

 

#PeopleMedia


Share this post