အွန်လိုင်းပေါ်မှ ဖုန်းရောင်းသူအမျိုးသမီးတစ်ဦးကို ဝယ်သူအမျိုးသား (၂) ဦးမှ ဓားဖြင့်ခုတ်ပြီးထွက်ပြေး

PUBLISHED - March 20, 2025
နေပြည်တော်၊ မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ရွှေကျင်တောင်ခြေတွင် အွန်လိုင်းပေါ်မှ ဖုန်းရောင်းသူ အမျိုးသမီးတစ်ဦးကို ဝယ်သူအမျိုးသား(၂) ဦးမှ ဖုန်းဝယ်ယူရန် ချိန်းဆိုပြီး ထိုအမျိုးသမီးကို ဓားဖြင့်ခုတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ မတ်လ ၁၉ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် အမျိုးသမီးတစ်ဦး သစ်ပင်ခြေရင်းတွင် ဓားဒဏ်ရာများဖြင့် လဲလျောင်းနေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မြို့ခံလူမှုကူညီရေး အသင်းမှ သွားရောက်ပြီး မန္တလေးဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“စုစုပေါင်း ဒဏ်ရာ (၄) ချက်။ ဒဏ်ရာတွေက ပြင်းတယ်။ ခုတော့လူနာက အဆင်ပြေနေပြီ။ သူကလိုင်း ပေါ်ကနေဖုန်းရောင်းတာ။ အဲ့မှာဝယ်မဲ့သူက အပြင်မှာချိန်းပြီး သူကိုဓားနဲ့ခုတ်သွားတာ။ အမျိုးသား(၂) ယောက် ဆိုင်ကယ်နဲ့လာတာ” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အဆိုပါကျူးလွန်သူများကို လက်ရှိအချိန်တွင် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းလည်း သိရသည်။
Photo – Credit
#PeopleMedia