အွန်လိုင်းလိမ်လည်မှုနှင့်ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်နိုင်ငံခြားသား ၄၁၄ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးအပ်၊ ပြည်ပနိုင်ငံသား၂၆၆ ဦးထပ်မံထိန်းသိမ်းနိုင်ခဲ့

PUBLISHED - March 18, 2025
နေပြည်တော်၊ မတ် ၁၈
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံ သားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိရာ မတ်လ ၁၇ရက်နေ့တွင် အင်ဒိုနီး ရှားနိုင်ငံသား ၄၀၀ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၄ဦး စုစုပေါင်း ၄၁၄ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံ သား ၂၆၆ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကိုကျင်းပရာ ထိုင်းနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ် E.A.S Wijayanthi Edirisinghe နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်ခြားေ ကာ်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး နတ်ထကော်န်ရယင်းတစ်နှင့် တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ နိုင်ငံသားကာကွယ်ရေးနှင့်ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး M. Judha Nugraha နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံတာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲ ပြောင်းလက်ခံ ရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်ကြောင်း သိရသည်။
မြဝတီမြို့၊ KK Park နယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၆၆ဦးကို ၁၇ရက်နေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းေ ကာက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၁၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာ သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၆၈၆၅ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၄၀၀၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၆၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
Photo-Credit
#PeopleMedia