
PUBLISHED - November 27, 2019
Ref; Daily Sabah
[Unicode]
အကြမ်းဖက်ခံရသူ ၈၀ ရာခိုင်နှုန်းဟာ မွတ်ဆလင်ဟု ပြင်သစ် NGO အဖွဲ့ထုတ်ပြန်
……………………………………………………………………………
မွတ်စလင်တွေဟာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုဒဏ်ခံစားရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တယ်လို့ ပြင်သစ် NGO အဖွဲ့အကြီးအကဲတစ်ဦးက ပြီးခဲ့တဲ့ ကြာပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
မွတ်စလင်တွေဟာ အကြမ်းဖက်ဝါဒ အစွန်းရောက်ဝါဒတွေနဲ့ မကြာခဏဆိုသလို ဆက်နွယ်နေပြီး အနောက်နိုင်ငံတွေရဲ့ သဘောထားအမြင်တွေကြောင့် အခုလို အကြမ်းဖက်မှုတွေခံစားနေရတာဖြစ်တယ်လို့ ပြောပါတယ်။
“အကြမ်းဖက်တိုက်ခိုက်မှုတွေကို အရင်ဆုံးခံစားနေရတာ မူဆလင်တွေပါ။ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်သမားတွေကို မွတ်စလင်လို့ ယူဆကြပြီး ထိခိုက်ခံစားရသူတွေထဲမှာ မွတ်စလင်မပါဘူးလို့ ယူဆနေကြလို့ပါ။ ဒါက လုံးဝမှားပါတယ်” လို့ အကြမ်းဖက်ဝါဒရဲ့ ထိခိုက်ခံစားရသူများဆိုင်ရာ ပြင်သစ်အဖွဲ့အစည်းရဲ့ တာဝန်ခံဒါရိုက်တာ ဂူလာယွမ်ဒီနွိုက်ဒီစိန့်မာ့စ်က ပြောပါတယ်။
Ref; Daily Sabah