အကြမ်းဖက်တိုက်ခိုက်မှုများ Live လွှင့်ခြင်းကို ဟန့်တားရန် Facebook နဲ့ လန်ဒန်ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်

PUBLISHED - September 18, 2019
နယူးဇီလန် ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်မှုလို အကြမ်းဖက်တိုက်ခိုက်မှုတွေ Live လွှင့်တာကို ဟန့်တားဖို့ စီစဉ်နေတယ်လို့ Facebook နဲ့ လန်ဒန်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်နေ့မှာ ပြောပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ Live လွှင့်တာကို သိရှိနိုင်ဖို့ Facebook ကုမ္ပဏီရဲ့ နည်းပညာပိုင်းဖွံ့ဖြိုးတိုးတက်အောင် ဗြိတိန်ရဲတပ်ဖွဲ့က လေ့ကျင့်ပေးမှာဖြစ်ပါတယ်။
အခုနှစ်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်သမားတစ်ဦးက လူ ၅၁ ဦးကို ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက်ကို Facebook စာမျက်နှာမှာ Live လွှင့်မှုဖြစ်ပွားခဲ့ပြီးနောက် လူမှုကွန်ယက်မီဒီယာကုမ္ပဏီတွေဟာ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။
နယူးဇီလန်ဘုရားကျောင်းအကြမ်းဖက်တိုက်ခိုက်ခံရတဲ့ Live ဗီဒီယိုဟာ တခြားဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Twitter၊Alphabet၊YouTube နဲ့ WhatsApp၊ Instagram တို့မှာလည်း ခဏအတွင်း ပျံ့နှံ့ခဲ့ပါတယ်။
Ref; CNA