• Follow Us on
Latest News

Home အကြမ်းဖက်များမှ အလှူလုပ်နေသည့် ရာအိမ်မှူးအား သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံး

အကြမ်းဖက်များမှ အလှူလုပ်နေသည့် ရာအိမ်မှူးအား သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ဝက်လူးကျေးရွာတွင် နေထိုင်သည့် ရာအိမ်မှူး ဦးဝင်းနိုင်မှာနေအိမ်၌ ကျင်းပနေသည့် အလှူမဏ္ဍပ်သို့ ဒေသခံအကြမ်းဖက်များမှ လာရောက်ပစ်ခတ်ရာ ရာအိမ်မှူးမှာ အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရာအိမ်မှူးဦးဝင်းနိုင်၏ နေအိမ်အတွင်း၌ ကျင်းပနေသည့် အလှူမဏ္ဍသို့ ဒေသခံအကြမ်းဖက် ၄ ဦးမှ မော်တော်ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ရာ ရာအိမ်မှူးဦးဝင်း နိုင်မှာ သေဆုံးသွားကြောင်း သိရပါတယ်။

 

သေနတ်ပစ်ခတ်ခံရမှုကြောင့် ဘယ်ဘက်ပါး၊ ညာဘက်ပါး၊ ညာဘက်နားထင် နှင့် ဦးခေါင်းနောက်စေ့တို့တွင် ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။

 

ထိုသေဆုံးသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များရောက်ရှိလာကြောင်း၊ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွား သည့်ရုပ်အလောင်းကို ညောင်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


……………………………………………..

 


 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post