အကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အ-ထ-က(၅) ၌ ဗုံးပေါက်ကွဲရာ စာသင်ဆောင်ရှိ တံခါးမှန်များ ပျက်စီးမှု ဖြစ်ပေါ်ခဲ့

PUBLISHED - November 11, 2021
ရန်ကုန်၊ နိုဝင်ဘာ ၁၁ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၅၅) ရပ်ကွက်၊ အ-ထ-က (၅) ကျောင်းဝန်း အတွင်းရှိ စာသင်ဆောင်အနီး၌ ယနေ့ နံနက် (၆း၃၀) အချိန်က အကြမ်းဖက်သမားများ ထောင်သည့် မိုင်း ပေါက်ကွဲရာ စာသင်ဆောင်ရှိ တံခါးမှန်များ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။
“အသံဗုံးလို့ပြောတယ်။ စာသင်စောင်က မှန်တွေ ကွဲသွားတယ်။ လူတော့ ထိခိုက်မှုမရှိပါဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်၌ အကြမ်းဖက်အုပ်စုများသည် ကျောင်းမတက်ရေးလှုပ်ရှားမှုကို နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်လျက်ရှိနေပါတယ်။
ပညာရေးဝန်ကြီးဌာနက အခြေခံကျောင်းများကို နိုဝင်ဘာ တစ်ရက်နေ့မှ စတင်ပြီး ဖွင့်လှစ်လျက်ရှိသလို အချို့ ကျောင်းများ၌ လက်လုပ်ဗုံးပစ်သွင်းခံရင်း၊ မိုင်းကွဲခြင်းများ ဖြစ်ပေါ်နေသလို ပညာရေးဝန်ထမ်းအချို့လည်း လုပ် ကြံသတ်ဖြတ်ခြင်း ခံနေရပါတယ်။
#PeopleMedia #ပညာရေး
(unicode)
………………………………………………………………