• Follow Us on
Latest News

Home ဥက္ကံမြို့ပတ်ဝန်းကျင်ကျေးရွာတို့မှ သံဃာတော်များ၊ သီလရှင်များနှင့် ဒေသခံ ၁၂၆ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ဥက္ကံမြို့ပတ်ဝန်းကျင်ကျေးရွာတို့မှ သံဃာတော်များ၊ သီလရှင်များနှင့် ဒေသခံ ၁၂၆ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဉက္ကံမြို့၊ ဂေါ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာတို့မှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ မြနဒီကျောင်းတိုက် သာသ နာ့ ရက္ခိတဗိမာန်တော်ကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့က သံဃာတော် ၂ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၃ ပါးနှင့် ဒေသခံပြည်သူ ၁၂၆ ဦးတို့အား သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုး အကြောရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လို အပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

 

#PeopleMedia


Share this post