ဥပဒေလိုက်နာမှုမရှိသည့် ငွေလဲကောင်တာ (၄) ခုအား ဗဟိုဘဏ် လိုင်စင်သုံးလရပ်ဆိုင်း
PUBLISHED - March 12, 2024
နေပြည်တော်၊ မတ် ၁၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် နိုင်ငံခြားငွေလဲ ကောင်တာများကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တရား ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် (၆-၃-၂၀၂၄) ရက်နေ့နှင့် (၈-၃-၂၀၂၄) ရက် နေ့တို့တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်း စစ်ဆေးခဲ့ရာ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ရေး လုပ်ငန်းလိုင်စင်ရရှိသူ (၄) ဦးသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါလိုက်နာဆောင်ရွက်မည့်အချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိ ရကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါလိုက်နာဆောင်ရွက်မည့်အချက် များကို လိုက်နာဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းလိုင်စင်ရရှိသူများမှာ (က) Thura Nay Tun (Fame Money Changer)၊ (ခ) Lead Star Money Changer၊ (ဂ) Steber Group Money Changer၊ (ဃ) Asia Shwe Thee Money Changerတို့ဖြစ်ပြီး၊ ယင်းနိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်းလိုင်စင်ရရှိသူ (၄) ဦးအား နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် သုံးလ ရပ်ဆိုင်းခြင်း ပြစ်ဒဏ်ချမှတ်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာ စေရေးအတွက် ဤကဲ့သို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ ကြပ်မတ်ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
#PeopleMedia