• Follow Us on
Latest News

Home ဥပဒေအရ စစ်မှုထမ်းဆောင်မယ့်လူငယ်တွေကို ထိုင်းကာကွယ်ရေးဝန်ကြီး ဖိတ်ခေါ်

ဥပဒေအရ စစ်မှုထမ်းဆောင်မယ့်လူငယ်တွေကို ထိုင်းကာကွယ်ရေးဝန်ကြီး ဖိတ်ခေါ်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၇

 

အွန်လိုင်းပေါ်မှာ ကမ်းလှမ်းထားတဲ့ လျှောက်လွှာတွေ မပြည့်ခင်မှာ ၂၀၂၄ ခုနှစ်အတွက် ဥပဒေအရစစ်မှုထမ်း ဆောင်ရမယ့် အရည်အချင်းပြည့်မီတဲ့ ထိုင်းနိုင်ငံသားလူငယ်တွေကို တပ်မတော်ထဲဝင်ရောက်ဖို့ ကာကွယ်ရေး ဝန်ကြီး ဆုတင်ကလန်ဆန်းက အင်္ဂါနေ့ (ဒီဇင်ဘာလ ၂၆ ရက်နေ့) က ဖိတ်ခေါ်လိုက်ပါတယ်။

 

ပြီးခဲ့တဲ့ နှစ်တွေအတွင်း မိမိသဘောဆန္ဒအလျောက်စစ်မှုထမ်းဆောင်လာတဲ့အရေအတွက် မြင့်တက်လာတာ ဟာ တပ်မတော်ထဲဝင်ရောက်ဖို့ ပြည်သူတွေ ပိုမိုစိတ်ဝင်စားလာတာကို ပြသနေတာဖြစ်ကြောင်း ဘန်ကောက် မြို့မှာကျင်းပတဲ့ “နှစ်သစ်၊ တပ်မတော်သားအသစ်၊ အခွင့်အလမ်းအသစ်” အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် ကာကွယ်ရေးဝန်ကြီးဆုတင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ထိုင်းတပ်မတော်ရဲ့မူဝါဒတွေနဲ့ အောင်မြင်မှုတွေကို ပြည်သူကိုချပြဖို့နဲ့ တပ်မတော်နဲ့ ပြည်သူကြားဆက်ဆံရေး မြှင့်တင်ဖို့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် အခုအခမ်းအနားကို ဘန်ကောက်မြို့၊ ဖရာနခုန်ခရိုင်ထဲက ကာကွယ်ရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးချုပ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

 

တပ်သားသစ်တွေကို ညှင်းပန်းနှိပ်စက်မှုတွေရှိကြောင်း၊ ချိုးနှိမ်မှုတွေရှိကြောင်း၊ ဥပဒေအရ ၂ နှစ်စစ်မှုထမ်းပြီး တဲ့အချိန်မှာ တပ်သားသစ်တွေအတွက် ပညာရေး ဒါမှမဟုတ် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးသွားနိုင် ကြောင်းဆိုတဲ့ အတွေးအခေါ်အယူအဆမှားတွေပါဝင်တဲ့ ဥပဒေအရစစ်မှုထမ်းဆောင်ခြင်းအပေါ် မကောင်းတဲ့ အမြင်တွေကို ၎င်းအနေနဲ့ ရှင်းလင်းဖယ်ရှားသွားဖို့ ရည်ရွယ်ထားကြောင်း လွန်ခဲ့တဲ့သုံးလက ကာကွယ်ရေးဝန် ကြီးဖြစ်လာတဲ့ ဆုတင်က ပြောပါတယ်။

 

“ဥပဒေအရ စစ်မှုထမ်းဆောင်ခြင်းနဲ့ပတ်သက်ပြီး လူထုအမြင်ကို ကျွန်တော်တို့ ပြောင်းလဲလာအောင်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ အခွင့်အလမ်းသစ် နှစ်နှစ်ရရှိတာဖြစ်ကြောင်း သူတို့သဘော ပေါက်လာအောင်ဆောင်ရွက်သွားရပါမယ်။” လို့ ဆုတင်က ပြောပါတယ်။

 

“တပြိုင်တည်းမှာပဲ တပ်မတော်ကလည်း ကဏ္ဍပေါင်းစုံမှာ ကျွမ်းကျင်မှုတွေတိုးတက်လာရေးအတွက် အဓိက အာရုံစိုက်ပြီး တပ်သားသစ်သင်တန်းတွေကို အဆင့်မြှင့်တင်သွားရမှာဖြစ်ပါတယ်။ တပ်သားသစ်တွေနဲ့ ပတ်သက်ပြီး ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့် နှိပ်စက်တာတွေ၊ ငွေကြေးအလွဲသုံးစားလုပ်တာမျိုးတွေကို ရှင်းလင်း သုတ်သင်ပစ်ရမယ်။” လို့ ၎င်းက ပြောပါတယ်။

 

လာမယ့်နှစ် ဧပြီလအတွင်း တပ်သားသစ်တွေဝင်ရောက်မလာခင် နိုင်ငံတစ်ဝန်းက လေ့ကျင့်ရေးကျောင်းတွေမှာ အခုပြောဆိုတဲ့ မူဝါဒကို ထပ်တလဲလဲ အသိပေးပြောဆိုသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အဲဒီအခမ်းအနားတက်ရောက်လာသူတွေကို ဧည့်ခံကျွေးမွေးဖို့ ထိုင်း ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်တွေ ဖက်က ေဖောင်ထမင်းနဲ့ ကြက်ဥကြော်ကြော်နေတဲ့ မီးဖိုချောင်ထဲကို ဝန်ကြီးချုပ်ဆုတင်ကိုယ်တိုင်ဝင်ရောက်ပြီး ကူညီ ကြော်လှော်ချက်ပြုတ်ခဲ့ပါတယ်။

 

တပ်သားသစ်စုဆောင်းဖို့ စည်းရုံးလှုံ့ဆော်တဲ့ ဒီအခမ်းအနားမှာ မွေထိုင်းလက်ဝှေ့ကျော်တစ်ဦးဖြစ်ပြီး ဘူကော ဘန်းချာမက်လို့ လူသိများတဲ့ ဗိုလ်ဆမ်းဘတ်ဘန်းချာမက်နဲ့ လူငယ် ၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ LAZ1 တေးဂီတ အဆိုတော်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တပ်သားပစ်တယာဆဲချောတို့အပါအဝင် ထင်ရှားကျော်ကြားတဲ့ တပ်သားသစ် များကလည်း စင်တင်ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

 

Ref: Defence minister encourages military conscription

 

#PeopleMedia


Share this post