• Follow Us on

Home ဥပဒေအရ နိုင်ငံသားဖြစ်လာသူ ၁၀,၀၀၀ ဝန်းကျင်ကို ရုရှားအစိုးရက ယူကရိန်းစစ်မြေပြင်ကို စေလွှတ်

ဥပဒေအရ နိုင်ငံသားဖြစ်လာသူ ၁၀,၀၀၀ ဝန်းကျင်ကို ရုရှားအစိုးရက ယူကရိန်းစစ်မြေပြင်ကို စေလွှတ်

Share this post

နိုင်ငံတကာ၊ ဇွန် ၂၈

 

ရုရှားအစိုးရဟာ ဥပဒေအရနိုင်ငံသားဖြစ်လာသူ ၁၀,၀၀၀ ဝန်းကျင်ကို ယူကရိန်းစစ်မြေပြင်ကို စစ်တိုက်ဖို့ စေ လွှတ်လိုက်ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ကြာသပတေးနေ့ (ဇွန်လ ၂၇ ရက်နေ့) က ပြောကြားလိုက်ပါ တယ်။

 

ဥပဒေအရ နိုင်ငံသားဖြစ်လာသူတချို့ကတော့ စစ်တပ်ထဲဝင်ရမှာကို ရင်ဆိုင်ရမယ့်အစား နိုင်ငံတွင်းကထွက်ခွာ သွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

ယူကရိန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းဖို့အတွက် တပ်သားသစ်စုဆောင်းဖို့ အပြင်းအထန်ကြိုးပမ်းနေတဲ့ကြားမှာ ရုရှားအစိုးရဟာ ဗဟိုအာရှနိုင်ငံတွေက ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ကို ရုရှားစစ်တပ်ထဲ အတင်းဝင်ခိုင်းနေတယ်လို့ စွပ်စွဲခံနေရပါတယ်။

 

ရုရှားနိုင်ငံသားအဖြစ် ခံယူပေမဲ့ စစ်ထဲဝင်ဖို့ စာရင်းမသွင်းတဲ့ ရွှေ့ပြောင်းနိုင်ငံသားတွေကို ရုရှားအစိုးရက ပြင်း ပြင်းထန်ထန် အရေးယူနေကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီအကြီးအကဲ အလက်ဇန္ဒားဘေစထရပ် ကင်က ပြောပါတယ်။

 

“နိုင်ငံသားခံယူထားပြီး စစ်မှုထမ်းဖို့ စာရင်းမသွင်းချင်တဲ့သူ ၃၀၀၀၀ ကျော်ကို ကျွန်တော်တို့ ဖမ်းမိထားပါတယ်။ သူတို့ကို စာရင်းသွင်းမှတ်ထားပါတယ်။” လို့ ဥပဒေအရစစ်မှုထမ်းဖို့ အရည်အချင်းပြည့်မီသူအမျိုးသားတွေရဲ့စာ ရင်းကို ရည်ညွှန်းပြီး ၎င်းက ပြောပါတယ်။

 

“စစ်မှုထမ်း ၁၀၀၀၀ ဝန်းကျင်ကိုတော့ အထူးစစ်ဆင်ရေးနယ်မြေထဲကို စေလွှတ်ခဲ့ပြီးပါပြီ။” လို့ ၎င်းက ပြောပါ တယ်။

 

ဗဟိုအာရှနိုင်ငံတွေကနေ အများဆုံးရောက်ရှိလာတဲ့ ရုရှားနိုင်ငံထဲက သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေထဲ က အများအပြားဟာ လစာနည်းတဲ့အလုပ်တွေမှာ အလုပ်လုပ်ကိုင်ရင်း မိခင်နိုင်ငံက မိသားစုတွေဆီ ငွေပြန်ပို့ နိုင်အောင်လို့ ဆင်းရဲချို့တဲ့စွာနေထိုင်နေကြရပါတယ်။

 

နိုင်ငံတွင်း လုပ်သားပြတ်လပ်မှုနဲ့ ရင်ဆိုင်လာရတဲ့အချိန်မှာ ရုရှားအစိုးရဟာ မကြာသေးခင်နှစ်များအတွင်းက အဆိုပါရွှေ့ပြောင်းလုပ်သားတွေကို နိုင်ငံသား အလွယ်တကူပေးခဲ့ပါတယ်။

 

ရုရှားနိုင်ငံသားအဖြစ်ရရှိရင် နိုင်ငံတွင်း နေထိုင်အလုပ်လုပ်ကိုင်မှုနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးပြီး အရာမရောက်တဲ့ ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းတွေကို လျှော့ချနိုင်တဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေအတွက် စိတ်ဝင်စားရာ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

 

ဒါပေမဲ့ နိုင်ငံသားရထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ စစ်မှုထမ်းဆောင်ဖို့ စာရင်းပေးသွင်းထားရမှာဖြစ်ပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့အချိန်မှာ သွားရောက်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

 

ရွှေ့ပြောင်းလုပ်သားတွေကို တိတိကျကျ စစ်ဆေးလာတဲ့အချိန်မှာ တချို့ကလည်း နိုင်ငံတွင်းကနေ တဖြည်း ဖြည်း ပြန်လည်ထွက်ခွာသွားကြတယ်လို့ အလက်ဇန္ဒားဘေစထရပ် ကင်က ပြောပါတယ်။

 

မတ်လအတွင်းက မော်စကိုမြို့က ကဇာတ်ရုံတစ်ခုမှာ လူ ၁၄၀ ကျော် သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ရုရှားနိုင်ငံထဲမှာ ရွှေ့ပြောင်းလုပ်သားတွေကို ဆန့်ကျင်တဲ့သဘောထားတွေကလည်း ပိုမိုပြင်းထန်လာခဲ့ပါတယ်။

 

Ref: Russia Sent 10,000 Naturalized Citizens to Fight in Ukraine: Official

 

#PeopleMedia


Share this post