ဥရောပဒရုန်းစီမံချက်လေ့လာသူနိုင်ငံအဖြစ် အိန္ဒိယလျှောက်ထားမှု ဂျာမနီလက်ခံ
PUBLISHED - October 30, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၃၀
ဥရောပဒရုန်းစီမံချက် (Eurodrone program) ကို လေ့လာသူအဖြစ် တက်ရောက်လေ့လာခွင့်ပြုဖို့ အိန္ဒိယနိုင်ငံ ရဲ့ လျှောက်ထားချက်ကို ဂျာမနီနိုင်ငံက လက်ခံလိုက်ပါတယ်။
အခုလို လက်ခံလိုက်တဲ့အတွက် အိန္ဒိယနိုင်ငံဟာ ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ စပိန် လေးနိုင်ငံ ပူးပေါင်းဆောင် ရွက်နေတဲ့ ဒရုန်းစီမံချက်ကို အနီးကပ်လေ့လာခွင့်ရရှိသွားမှာဖြစ်ပါတယ်။
အခုလို လေ့လာခွင့်ရတဲ့အတွက် အိန္ဒိနိုင်ငံအနေနဲ့ အနာဂတ်ကာလမှာ အဲဒီဒရုန်းတွေဝယ်ယူရာမှာ သတင်းအ ချက်အလက်တွေ ပိုမိုသိရှိခွင့်ရသွားသလို အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းဒရုန်းထုတ်လုပ်မှု စီမံချက်တွေအတွက် လည်း ရရှိထားတဲ့သင်ခန်းစာတွေကို ပေါင်းစပ်ထည့်သွင်း အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။
လေ့လာခွင့်ရနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံဟာ ဒရုန်းရဲ့ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ စွမ်းဆောင် ရည်ပိုင်းဆိုင်ရာအချက်အလက်တွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။
“ဥရောပဒရုန်းစီမံချက်မှာ လေ့လာခွင့်ရနိုင်ငံအဖြစ် လျှောက်ထားလာတဲ့ အိန္ဒိယနိုင်ငံရဲ့ လျှောက်ထားမှုကို ဂျာမနီက ကြိုဆိုပါတယ်။” လို့ အိန္ဒိယ-ဂျာမနီ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြည်တွင်းဒရုန်းထုတ်လုပ်ရေးကဏ္ဍမှာ ပြိုင်ဘက်နိုင်ငံတွေထက် နောက်ကျကျန်ရစ်နေတဲ့အ တွက် ပြည်ပနိုင်ငံတွေကနေ ဒေါ်လာဘီလျံပေါင်းများစွာ အကုန်အကျခံပြီး ဝယ်ယူနေရပါတယ်။
အိန္ဒိယနိုင်ငံဟာ TAPAS ဒရုန်းစီမံချက်ကို ဇန်နဝါရီလမှာ ဆက်မလုပ်တော့ဘဲ ရပ်တန့်ထားလိုက်ပြီး အမေရိ ကန်ထံက MQ-9B ဒရုန်း ၃၁ စင်းကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အိန္ဒိယတပ်မတော်ရဲ့ စစ်ဆင်ရေးလိုအပ်ချက်တွေကို ဖြည့်စွမ်းပေးနိုင်ခြင်းမရှိတဲ့အတွက် ဒေါ်လာသန်း ၂၀၀ တန်ကြေးရှိပြီး ၁၃ နှစ်ကြာဆောင်ရွက်လာတဲ့ အမြင့်ပေအလယ်အလတ်/တာဝေးပျံ ဒရုန်းထုတ်လုပ်ရေးစီမံချက် ကို ရပ်ဆိုင်းခဲ့ပါတယ်။
စီမံချက်ရပ်ဆိုင်းလိုက်ရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ဒရုန်းအင်ဂျင်ထုတ်လုပ်ရေးကိစ္စလည်း ပါဝင်တယ် လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
“TAPAS ဒရုန်းရဲ့ အဓိကနည်းပညာချို့တဲ့မှုက အဲဒီဒရုန်းအင်ဂျင်ထုတ်လုပ်ရေးပဲဖြစ်တယ်။ ဒီအင်ဂျင်ထုတ်လုပ် ရေးဟာ တီဂျက်စ်အပေါ့စားတိုက်လေယာဉ်တို့လို အိန္ဒိယရဲ့ တခြားလေယာဉ်ထုတ်လုပ်မှုစီမံချက်တွေကို ဒုက္ခ ပေးနေတဲ့ အခြေခံအားနည်းချက်ပဲဖြစ်ပါတယ်။” လို့ အိန္ဒိယအခြေစိုက် စောင့်ကြည့်လေ့လာရေးသုတေသန ဖောင်ဒေးရှင်းရဲ့ အကြီးတန်းအဖွဲ့ဝင် ကာတစ်ဘမ်မာကန်တီက ၎င်းရဲ့ဆောင်းပါးတွေထဲမှာ ထည့်သွင်းရေးသား ထားပါတယ်။
ဥရောပဒရုန်း (Eurodrone) ဟာ Dassault Aviation ၊ Airbus နဲ့ Indra Sistemas ကုမ္ပဏီတို့ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်တဲ့ လက်နက်စနစ်တွေထဲက အနာဂတ်တိုက်ခိုက်ရေးလေကြောင်းစနစ်ရဲ့ အဓိက အမာခံကျောရိုး လက်နက်စနစ်ဖြစ်ပါတယ်။
ပထမဦးဆုံး ဥရောပဒရုန်း (Eurodrone) ကို ၂၀၂၇ ခုနှစ်မှာ ဂျာမနီနိုင်ငံနဲ့ ၂၀၂၈ ခုနှစ်မှာ ပြင်သစ်နိုင်ငံကို လွှဲ ပြောင်းပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ပထမဦးဆုံး ဥရောပဒရုန်း (Eurodrone) ကို စစ်သတင်းစုဆောင်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေး၊ ပစ်မှတ် ရှာဖွေရေးနဲ့ ကင်းထောက်တာဝန်များထမ်းဆောင်ရေးတို့လို (ISTAR) စစ်ဆင်ရေးတာဝန်မျိုးစုံထမ်းဆောင်နိုင် အောင်ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Ref: Germany Invites India as Observer to Eurodrone Project
#PeopleMedia