• Follow Us on
Latest News

Home ဥရောပရုံးပိတ်သိမ်းလိုက်ပေမဲ့ ထိုင်းနိုင်ငံမှာ ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း တရုတ် ဂရိတ်ဝေါကုမ္ပဏီပြော

ဥရောပရုံးပိတ်သိမ်းလိုက်ပေမဲ့ ထိုင်းနိုင်ငံမှာ ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း တရုတ် ဂရိတ်ဝေါကုမ္ပဏီပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၃

 

ဥရောပမှာရှိတဲ့ ကုမ္ပဏီပင်မရုံးကို ပိတ်လိုက်ပြီး အဲဒီရုံးက ဝန်ထမ်းတွေကို အလုပ်ဖြုတ်တော့မှာဖြစ်ပေမဲ့ တရုတ်ဂရိတ်ဝေါကုမ္ပဏီ (Great Wall Motors) ဟာ ထိုင်းနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း ထပ် လောင်းအတည်ပြုပြောကြားလိုက်ပါတယ်။

 

ဥရောပရဲ့အကြီးမားဆုံး ကားဈေးကွက်မှာ လျှပ်စစ်ကားအရောင်းနဲ့ပတ်သက်ပြီး စိတ်ပျက်သွားတဲ့အတွက် ဂရိတ်ဝေါကုမ္ပဏီဟာ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာရှိတဲ့ ပင်မရုံးကို သြဂုတ်လ ၁ ရက်နေ့မှာ ပိတ်သိမ်းတော့မှာဖြစ် ပြီး စီမံခန့်ခွဲမှုအဖွဲ့အပါအဝင် အဲဒီရုံးက ဝန်ထမ်း ၁၀၀ ကိုလည်း အလုပ်ဖြုတ်လိုက်တော့မှာဖြစ်ပါတယ်။

 

အဲဒီသတင်းထွက်ပေါ်လာပြီးနောက် နိုင်ငံတကာနဲ့ ဒေသတွင်း ထုတ်လုပ်မှုအခြေအနေတွေအရ ၎င်းတို့ရဲ့လုပ် ငန်းဆောင်ရွက်မှုအပိုင်းကို ထိခိုက်လာနိုင်တဲ့ သတင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကြေညာချက်တစ် စောင်ကို ထိုင်းနိုင်ငံရှိ ဂရိတ်ဝေါကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

 

ထိုင်းနိုင်ငံမှာရှိနေတဲ့ ၎င်းတို့လုပ်ငန်းဟာ တိုးတက်အောင်မြင်နေဆဲဖြစ်ကြောင်း၊ ဒါ့ကြောင့် လက်ရှိထိုင်းဖောက် သည်တွေနဲ့ အနာဂတ်ကာလထိုင်းဖောက်သည်တွေအတွက် ၎င်းတို့ကုမ္ပဏီက အစွမ်းကုန်ကြိုးပမ်းပြီး အရည် အသွေးရှိတဲ့ မော်တော်ကားတွေကို ရောင်းချပေးသွားမှာဖြစ်သလို ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုတွေကို အကောင်းဆုံးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဂရိတ်ဝေါကုမ္ပဏီက ပြောပါတယ်။

 

ထိုင်းနိုင်ငံမှာ တစ်ခုတည်းသော တရုတ်အမှတ်တံဆိပ်ဖြစ်တဲ့ ၎င်းတို့ကုမ္ပဏီဟာ ရာယောင်ပြည်နယ်မှာ ဘက် ပေါင်းစုံထုတ်လုပ်ရေးလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နေတာ သုံးနှစ်ကျော်လာပြီဖြစ်ပြီး ထိုင်းပြည်သူတေ အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေ အများအပြား ဖန်တီးပေးနေတဲ့ SVOLT ၊ HYCET၊ NOBO၊ MIND နဲ့ Exquisite တို့လို ထောက်ပံ့ရေးကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ဂရိတ်ဝေါ ကုမ္ပဏီက ပြောပါတယ်။

 

ကုမ္ပဏီအနေနဲ့ လောင်စာဟိုက်ဘရစ်ကားတွေ၊ လျှပ်စစ်ဟိုက်ဘရစ်ကားတွေနဲ့ ၁၀၀% လျှပ်စစ်ကားအပါအဝင် တွေအပါအဝင် ဖောက်သည်အမျိုးမျိုးကို ထောက်ပံ့ပေးနေတဲ့ စွမ်းအင်သစ်မော်တော်ကားတွေကို ထုတ်လုပ် ပေးနေကြောင်း ဂရိတ်ဝေါ ကုမ္ပဏီက ပြောပါတယ်။

 

ထိုင်းနိုင်ငံမှာ ဆက်လက်ရင်းနှီးမြှုပ်နှံနေတာဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားထုတ်လုပ်ရေးဗဟိုချက်မဖြစ်လာ အောင် ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ပြောပါတယ်။

 

Ref: Great Wall Motors vows commitment to Thailand despite Europe downturn

 

#PeopleMedia


Share this post