• Follow Us on

Home ဥရောပအခြေစိုက်တပ်ဖွဲ့တွေအတွက် အမေရိကန်က လုံခြုံရေးအဆင့် ဒုတိယအမြင့်ဆုံးတပ်လှန့်နှိုးဆော်

ဥရောပအခြေစိုက်တပ်ဖွဲ့တွေအတွက် အမေရိကန်က လုံခြုံရေးအဆင့် ဒုတိယအမြင့်ဆုံးတပ်လှန့်နှိုးဆော်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂

 

အမေရိကန်တပ်မတော်ဟာ ဥရောပမှာရှိတဲ့ ၎င်းတို့ စစ်စခန်းလေးငါးခုကို ဒုတိယအမြင့်ဆုံးအဆင့် တပ်လှန့်နှိုး ဆော်လိုက်ကြောင်း အမေရိကန်မီဒီယာတွေမှာ တနင်္ဂနွေနေ့ (ဇွန်လ ၃၀ ရက်နေ့) က ဖော်ပြထားပါတယ်။

 

ဥရောပတစ်ဝန်းရှိ အမေရိကန်စစ်စခန်းတွေကို “ချာလီအဆင့်” (အကြမ်းဖက်သမားတွေ ပုံစံတစ်မျိုးမျိုးနဲ့ တိုက် ခိုက်လာနိုင်ဖွယ်ရှိတဲ့ အခြေအနေ) သတိပေးတပ်လှန့်နှိုးဆော်ခဲ့ကြောင်း အမည်ဖော်ပြမထားတဲ့ အရာရှိတွေကို ကိုးကားပြီး ABC News နဲ့ CNN သတင်းဌာနတို့မှာ ဖော်ပြထားပါတယ်။

 

အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်လာမယ့်အချိန် ဒါမှမဟုတ် အမေရိကန်တပ်ဖွဲ့ဝင်တွေ ဒါမှမဟုတ် အ ဆောက်အဦတွေကို ပုံစံတစ်မျိုးမျိုးနဲ့ အကြမ်းဖက်တိုက်ခိုက်တော့မယ်လို့ ယုံကြည်ရလောက်တဲ့သတင်းတွေ ရရှိတဲ့အချိန်မျိုးမှာ ဒီသတိပေးအဆင့်ကို ညွှန်ကြားလေ့ရှိတယ်လို့ အမေရိကန်ကြည်းတပ် ဝက်ဆိုက်မှာ ဖော်ပြ ထားပါတယ်။

 

အမြင့်ဆုံးအဆင့်ဖြစ်တဲ့ “ဒယ်လ်တာအဆင့်” ကိုတော့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်လာတဲ့အချိန် ဒါ မှမဟုတ် ဖြစ်ပေါ်လာဖို့ အလွန်နီးကပ်နေတဲ့အချိန်မျိုးမှာ သတ်မှတ်ပါတယ်။

 

လုံခြုံရေးအခြေအနေ ပြောင်းသွားတာနဲ့ ပတ်သက်ပြီး အမေရိကန်ဥရောပစစ်ဌာနချုပ် (USEUCOM) က အ တည်ပြုပြောကြားခြင်းမရှိပေမဲ့ “ကျွန်တော်တို့ သတိဝီရိယရှိရှိနဲ့ နိုးနိုးကြားကြားရှိနေပါတယ်။” လို့ ပြန်ဖြေပါ တယ်။

 

တပြိုင်တည်းမှာပဲ “ဥရောပစစ်နယ်ဝန်းကို စေလွှတ်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ သူတို့မိသာစုတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကာကွယ်ရေးကို ထိခိုက်လာနိုင်ဖွယ်ရှိတဲ့ ပေါင်းစပ်သတင်းအချက်အလက်တွေအရ အမေရိကန်ဥရောပစစ်ဌာနချုပ်ဟာ နွေရာသီကာလတစ်လျှောက်လုံး လုံခြုံရေးသတိ အထူးမြှင့်တင်ဆောင်ရွက် ထားပါတယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

 

အမေရိကန်ဥရောပစစ်ဌာနချုပ် (USEUCOM) တည်ရှိရာ ဂျာမနီနိုင်ငံမှာရောက်နေတဲ့ အမေရိကန်နိုင်ငံသား တွေကိုလည်း အကြမ်းဖက်ခြိမ်းခြောက်မှုကြောင့် သတိကြီးကြီးထားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိအချိန်မှာ တိုက်တွန်းနှိုးဆော်နေပါတယ်။

 

ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြထားခြင်းမရှိပေမဲ့ အိုင်အက်စ်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ် ကြောင်းပြောဆိုထားတဲ့ မတ်လအတွင်းက လူ ၁၅၀ နီးပါးသေဆုံးခဲ့တဲ့ မော်စကိုမြို့ပြင်ဘက်က သေနတ်သမား တွေရဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးကတည်းက ဥရောပနိုင်ငံတွေဟာ လုံခြုံရေးသတိ မြှင့်တင်ထားပါတယ်။

 

ဂျာမနီနိုင်ငံက နိုင်ငံတကာဘောလုံးပွဲတစ်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပနေချိန်မှာ ပြင်သစ်နိုင်ငံက လည်း ပဲရစ်အိုလံပစ်ပွဲတော်မတိုင်ခင် နိုင်ငံတွင်းလုံခြုံရေးကို အဆင့်မြှင့်ထားပါတယ်။

 

Ref: US Military Raises Alert Level for Europe Bases: Reports

 

#PeopleMedia


Share this post