ဥရောပတိုက်၌ အသံထက်မြန်သောဒုံးကျည်များ ဖြန့်ကျက်မည့် အမေရိကန်နိုင်ငံ၏အစီအစဉ်ကို ရုရှားနိုင်ငံ သတိပေး
PUBLISHED - July 21, 2021
နိုင်ငံတကာ၊ ဇူလိုင် ၂၁ (People Media)
ဥရောပတိုက်၌ အသံထက်မြန်သောဒုံးကျည်များ ဖြန့်ကျက်မည့် အမေရိကန်နိုင်ငံ၏ အစီအစဉ်ကို ဝါရှင် တန်မြို့တော်ရှိ ရုရှားသံရုံးက သတိပေးလိုက်ကြောင်း ရုရှားသံတမန်မစ်ရှင်က တွစ်တာ၌ ဖော်ပြသည်။
“ဥရောပတိုက်မှာ အမေရိကန်ရဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေ ဖြန့်ကျက်လာနိုင်မှုက မတည်မငြိမ် ဖြစ် စေနိုင်တယ်ဆိုတာ ပင်တဂွန် ပြန်ကြားရေးအတွင်းဝန် ဂျွန်ကီဘီကို သတိပေးချင်ပါတယ်” ဟု အမေရိကန်နိုင်ငံရှိ ရုရှားသံရုံးက ပြောသည်။
“အမေရိကန်နိုင်ငံက အသံထက်မြန်တဲ့ဒုံးကျည် ဖြန့်ကျက်မယ်ဆိုရင် ရုရှားနိုင်ငံအတွက် ဆုံးဖြတ်ချက်ချ မှတ်ရာမှာ အချိန်အနည်းငယ်သာရှိစေမှာဖြစ်ပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်စေနိုင်ပါတယ်” ဟု ရုရှား သံတမန်မစ်ရှင်က တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။
ရုရှားနိုင်ငံ၏ အသံထက်မြန်သောဒုံးကျည်များက မတည်မငြိမ်ဖြစ်စေနိုင်ပြီး နျူကလီးယား သယ်ဆောင်နိုင်လို့ အလွန်အန္တရာယ်ကြီးမားပါတယ်” ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘီက ဗိုလ်ချုပ်ကြီး ဂေါ်ရှ် ကော့ဗ် ဖရီးဂိတ်သင်္ဘောပေါ်မှ ရုရှားနိုင်ငံ၏ Tsirkon အသံထက်မြန်သောဒုံးကျည်စမ်းသပ်မှုကို မှတ်ချက်ပေးခဲ့သည်။
ဗိုလ်ချုပ်ကြီး ဂေါ်ရှ်ကော့ဗ် ဖရီးဂိတ်သင်္ဘောက ပင်လယ်ဖြူမှ အသံထက်မြန်သောဒုံးကျည် Tsirkon အား အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
အကွာအဝေး ၃၅၀ ကီလိုမိတာအထိ ရောက်ရှိနိုင်သော အဆိုပါ အသံထက်မြန်သောဒုံးကျည် Tsirkon အား ဘာရင့်ပင်လယ်ပြင်ရှိ ပစ်မှတ်အားပစ်ခတ်၍ စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဂေါ်ရှ်ကော့ဗ် ဖရီးဂိတ်သင်္ဘောက တန်ချိန် ၄၅၀၀ ရှိပြီး ရေမိုင် ၂၉ မိုင်အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။
အဆိုပါဖရီးဂိတ်သင်္ဘောတွင် အိုညစ်နှင့် ကာလီဘာဒုံးကျည်လောင်ချာများအပြင် မြေပြင်-ဝေ ဟင်ခွင်းဒုံး ကျည်စနစ်များ တပ်ဆင်ထားသည်။
Ref; Russian Embassy in US warns Washington against deployment of hypersonic missiles in Europe
#PeopleMedia #EPN #international
(unicode)
………………………………………………..
Ref; Russian Embassy in US warns Washington against deployment of hypersonic missiles in Europe
#PeopleMedia #EPN #international