ဥရောပတွင် တာလတ်ပစ်နျူကလီးယားဒုံးကျည်များ တပ်ဖြန့်ချထားရန် ရုရှားနိုင်ငံကို တွန်းအားပေးနေသည့် သဖွယ်ဖြစ်နေကြောင်း ရုရှားအစိုးရပြော

PUBLISHED - December 14, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄ (People Media)
နေတိုးအဖွဲ့၏ လုပ်ရပ်များကိုကြည့်ပြီး တုံ့ပြန်သည့်အနေဖြင့် ဥရောပတွင် တာလတ်ပစ်နျူကလီးယားဒုံးကျည် များ တပ်ဖြန့်ချထားရန် ရုရှားနိုင်ငံကို တွန်းအားပေးနေသည့်သဖွယ်ဖြစ်နေကြောင်း ရုရှားအစိုးရက ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။
လွန်ခဲ့သည့်နှစ်ပေါင်းသုံးဆယ် စစ်အေးတိုက်ပွဲအဆုံးသတ်ပြီးကတည်းက အရှေ့-အနောက် ဆက်ဆံရေးတင်း မာမှုများကြောင့် ဥရောပတွင် လက်နက်အပြိုင်တပ်ဆင်မှုအသစ်ဖြစ်ပေါ်လာမည့်အန္တရာယ်နှင့်ပတ်သက်၍ ဒုတိ ယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရက်ကော့ဗ်က မြှင့်တင်သတိပေးလိုက်သည်။
ယူကရိန်းအရေး အန္တရာယ်ဖြစ်စေမည့်အခြေအနေကိုထိန်းသိမ်းသည့်အနေဖြင့် ဥရောပတွင် တာလတ်ပစ်နျူက လီးယားဒုံးကျည်များတပ်ဖြန့်ချထားမှုကို တရားဝင်ဆိုင်းငံ့ထားနိုင်ရေးအတွက် အနောက်အုပ်စုက ပူးပေါင်းပါဝင် ခြင်းမရှိလျှင် ရုရှားကလည်း အလားတူ နျူကလီးယားဒုံးကျည်များကို တပ်ဖြန့်ချထားရလိမ့်မည်ဖြစ်ကြောင်း ဆာဂျီရက်ကော့ဗ်က ပြောသည်။
နိုင်ငံရေးနှင့် သံတမန်ရေးအရ ဖြေရှင်းရာတွင် တိုးတက်မှုများမရှိခြင်းက ရုရှားနိုင်ငံကို စစ်ဘက်ဆိုင်ရာနည်းပ ညာများ၊ စစ်ရေးနည်းလမ်းများဖြင့် တုံ့ပြန်ရန် တွန်းပို့နေကြောင်း ဆာဂျီရက်ကော့ဗ်က ရုရှား RIA သတင်းဌာန ကို ပြောသည်။
“ဒါဟာထိပ်တိုက်တွေ့ဆုံမှုတစ်ခုဖြစ်ပါလိမ့်မယ်။ ဒါဟာ နောက်ထပ်လုပ်ရမယ့်အလုပ်ဖြစ်ပါလိမ့်မယ်။” ဟု ရုရှား နိုင်ငံကတပ်ဖြန့်ချထားနိုင်သည့် နျူကလီးယားဒုံးကျည်များကို ရည်ညွှန်း၍ ၎င်းကပြောသည်။
တာလတ်ပစ်နျူကလီးယားဒုံးကျည်များမှာ ကီလိုမီတာ ၅၀၀ မှ ၅,၅၀၀ (၃၁၀ မိုင်မှ ၃,၄၀၀ မိုင်) အထိ ပစ်ခတ် နိုင်သော ဒုံးကျည်များဖြစ်သည်။ စစ်အေးတိုက်ပွဲကာလ တင်းမာမှုများကို လျှော့ချသည့်အနေဖြင့် ဆိုဗီယက် ခေါင်းဆောင်မစ်ခေးဂေါ်ဘာချော့နှင့် အမေရိကန်သမ္မတရော်နယ်ရီဂင်တို့ကြား ၁၉၈၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် စာချုပ်အရ ယင်းတာလတ်ပစ်နျူကလီးယားဒုံးကျည်များကို ပိတ်ပင်ခဲ့သည်။ ၁၉၉၁ ခုနှစ် ဝန်းကျင်လောက်တွင် နှစ်နိုင်ငံစလုံးက တာလတ်ပစ်နျူကလီးယားဒုံးကျည် ၂,၇၀၀ နီးပါးကို ဖျက်ဆီးခဲ့ကြသည်။
ရုရှားနိုင်ငံက 9M729 ဟုခေါ်ဆိုပြီး နေတိုးအဖွဲ့က “Screwdriver” ဟု ကင်ပွန်းတပ်ထားသည့် ရုရှားနိုင်ငံ မြေပြင်အခြေစိုက်ခရုစ်ဒုံးကျည်ထုတ်လုပ်မှုနှင့်ပတ်သက်၍ သဘောတူညီမှုကို ချိုးဖောက်သည်ဟု ရုရှားနိုင်ငံကို နှစ်ပေါင်းများစွာကြာသည်အထိ စွပ်စွဲကာ ၂၀၁၉ ခုနှစ်တွင် အမေရိကန်က ၁၉၈၇ ခုနှစ် သဘောတူစာချုပ်မှ နုတ်ထွက်လိုက်သည်။
Ref: Russia says it may be forced to deploy mid-range nuclear missiles in Europe
#PeopleMedia
(unicode)
……………………………………………………………..
Ref: Russia says it may be forced to deploy mid-range nuclear missiles in Europe
#PeopleMedia