• Follow Us on

Home ဥရောပသမဂ္ဂမှဗြိတိန်နုတ်ထွက်မှုနောက်ပိုင်း နှစ်ဖက်ကုန်သွယ်ရေးသဘောတူညီမှုရရှိ

ဥရောပသမဂ္ဂမှဗြိတိန်နုတ်ထွက်မှုနောက်ပိုင်း နှစ်ဖက်ကုန်သွယ်ရေးသဘောတူညီမှုရရှိ

Share this post

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၅
ဥရောပသမဂ္ဂမှဗြိတိန်နုတ်ထွက်မှုကြောင့် စီးပွားရေးအထိပ်တလန့်ဖြစ်မှုကိုလျော့ပါးစေရန် ၁၀ လကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးနောက်ပိုင်း ကုန်သွယ်ရေးသဘောတူညီချက်တခုကို ဗြိတိန်နှင့်ဥရောပသမဂ္ဂ(အီးယူ)တို့ ဒီဇင်ဘာ ၂၄ ရက်တွင် သဘောတူနိုင်ခဲ့သည်။
သဘောတူညီချက်အရ ယခုနှစ်အကုန်တွင် အီးယူဈေးကွက်မှဗြိတိန်ထွက်သွားပါက ရာစုနှစ်တဝက်နီးပါးရင်းနှီးသည့်ဆက်ဆံရေးရှိသည့်ဗြိတိန်နှင့်အီးယူတို့ကြားအကွဲအပြဲများရှိမည်ဖြစ်သော်လည်း ကုန်စည်များအပေါ် စည်းကြပ်မှုများကြုံရမည်မဟုတ်ချေ။
“ကျွန်တော်တို့ရဲ့ဥပဒေတွေ၊ ကံကြမ္မာတွေကို ကျွန်တော်တို့ပဲပြန်ပြီးထိန်းချုပ်နိုင်ပါပြီ။ ကျွန်တော်တို့ရဲ့စည်းကမ်းအသေးအမွှားလေးတွေကအစ အားလုံးကို အပြည့်အစုံ၊ အနှောင်အဖွဲ့မရှိဘဲနဲ့ ပြန်ထိန်းချုပ်နိုင်ပါပြီ။”ဟု ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ် ဂျွန်ဆင်ကကြေညာသည်။
“အောင်မြင်သွားတဲ့ဆွေးနွေးညှိနှိုင်းမှုခရီးရှည်ကြီးပြီးသွားပြီးတော့ သာမန်အားဖြင့် ကျွန်မပျော်မိမှာပါ။ ဒါပေမဲ့ ဒီနေ့တော့ ကျေနပ်သွားတယ်။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ စိတ်သက်သာသွားတယ်။ ဒီလိုပဲခံစားရပါတယ်။”ဟု အီးယူ၏ကုန်သွယ်ရေးဆိုင်ရာအကြီးအကဲဖြစ်သော ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန် ဗန်ဒါလီယန်က ပို၍ချင့်ချိန်စွာပြောသည်။
အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံမှ လူသန်း ၄၄၀ အနေဖြင့် ဗြိတိန်နုတ်ထွက်ခြင်းဇာတ်ကြောင်းကိုနောက်တွင်ထားခဲ့ပြီး အနာဂတ်ကိုမျှော်ကြည့်ကြရန်လည်း သူက တိုက်တွန်းသည်။
၂၀၁၆ ခုနှစ်က လူထုဆန္ဒခံယူပွဲပြုလုပ်ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီတွင် ဥရောပသမဂ္ဂမှဗြိတိန်နုတ်ထွက်ခဲ့သည်။
သို့သော် ဒီဇင်ဘာ ၃၁ ရက်အထိအကူးအပြောင်းကာလတွင် ဗြိတိန်သည် အီးယူ၏စည်းကမ်းများအတိုင်းလိုက်နာရပြီး ဇန်နဝါရီ ၁ ရက်မှစတင်၍ အီးယူ၏ဈေးကွက်တခုတည်းစနစ်နှင့် အကောက်ခွန်အဖွဲ့တို့မှထွက်ခွာမည်ဖြစ်သည်။
Ref : UK and EU reach post-Brexit trade agreement
#PeopleMedia
(unicode)
…………………………….
Ref : UK and EU reach post-Brexit trade agreement

Share this post