• Follow Us on
Latest News

Home ဦးကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် တရားခံ (၉) ဦးကို စစ်ကိုင်းတွင် ဖမ်းဆီးရမိ

ဦးကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် တရားခံ (၉) ဦးကို စစ်ကိုင်းတွင် ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၇

 

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဦးကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် တရားခံ (၉) ဦးကို စစ်ကိုင်းမြို့ တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မတ်လ (၆)ရက် မွန်းလွဲ (၁၂)နာရီခွဲခန့်က ဦးကျော်ဝင်းစိန်အား သတ်ဖြတ်မှုဖြင့် နာမည်ထွက်နေသည့် ဦးရဲမျိုး သိန်း (ခ) ငမျိုး ဦးဆောင်သည့်အဖွဲ့ကို စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီဘုရားအနီး ပုဗ္ပာရုံ ကျောင်းအတွင်း၌ ဘုရားတည်ရန်ဟုဆိုကာ ရောက်ရှိတိမ်းရှောင်နေကြောင်း သတင်းအရ လုံခြုံရေး ပူးပေါင်း တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့သည်။

 

ယင်းသို့ ဖမ်းဆီးရာတွင် ထွက်ပြေးရန်ကြိုးစားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရပြီး တရားခံများဖြစ်သည့် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ရဲမျိုးသိန်း (ခ) ငမျိုး၊ ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် နေထိုင်သည့် အောင်ကျော်ကြား (ခ) ကျော်ကြီး၊ လှိုင်သာယာမြို့နယ်နေ၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊ ကျိုက်လတ်မြို့နယ်နေ အောင်မြတ်မင်း (ခ) အောင်ကြီး၊ ထန်းတပင်မြို့နယ်နေ ဥက္ကာ၊ လှိုင်သာယာမြို့နယ်နေ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကြည့်မြင်တိုင်မြို့နယ်နေ ကျော်ဆန်းလင်း (ခ) သံမဏိ၊ ကော့မှူးမြို့နယ် နေ မျိုးမင်းနိုင် (ခ) အရှည်ကြီးနှင့် ကြည့်မြင်တိုင်မြို့နယ်နေ ဇော်မင်းဦး (ခ) တွတ်ပီ တို့ကို ဖမ်းဆီးရမိခဲ့သည်။

 

၎င်းတရားခံ ကိုးဦးထံမှ ဓါးရှည် (၅) ချောင်း၊ ဓါးမြှောင် (၂) ချောင်း၊ လေးခွ (၁) လက်၊ သံကုန်းသီး (၄၂) လုံးနှင့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဦးကျော်ဝင်းစိန်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက် ညသန်းခေါင်ယံအချိန်တွင် ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီး လမ်းတွင် လူတစ်စုက ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသတ်ဖြတ်ခံရသည့် ရုပ်သံဖိုင်သည် လူမှု ကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် လူသိများသည့် အမှုတစ်မှုဖြစ်ခဲ့သည်။

 

#PeopleMedia


Share this post