ဧည့်မထဆန်တစ်အိတ်ကို ခြောက်သောင်းကျပ်အောက်နှုန်းဖြင့် ရောင်းချမည်

PUBLISHED - August 3, 2023
နေပြည်တော်၊ သြဂုတ် ၃
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိုလှောင်ထားသည့် အရန်ဆန်များအထဲမှ ၂၅% အဆင့် ဧည့်မထဆန်များ ကို တစ်အိတ်လျှင် (၆၀,၀၀၀) ကျပ်အောက်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိ ရသည်။
သြဂုတ်လ ၂ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေအတွင်းရေးမှူး အပါအဝင် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အသင်းချုပ်၏ ဆန်ပြည်ပတင်ပို့မှု ဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ပြည်ပဆန်တင်ပို့နေသည့် Exporter ကုမ္ပဏီကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသိုလှောင်ထားသည့် အရန်ဆန်များကို သက်သာသော ဈေးနှုန်းဖြင့် စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသားစုများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများအား ရောင်းချပေးခြင်း၊ လုပ်သားပြည်သူများသို့ ဆန်ကုန် စည်ဒိုင်များ၊ စည်ပင်သာယာဈေး အရောင်းဆိုင်များမှတဆင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။
ထိုအသင်းချုပ်မှ ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကျေညာထားသည့် ဆန်အိတ် (၅၀,၀၀၀)(Well Milled, Polished & Sortexed) ၂၅%အဆင့် ဧည့်မထဆန်များကို တစ်အိတ်လျှင် (၆၀,၀၀၀) ကျပ်အောက်နှုန်းထက် မပိုသော ဈေးနှုန်းဖြင့် ကနဦး စတင်ရောင်းချရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia