ဧပြီ ၂/၃ ရက်နေ့တွေမှာ မြန်မာနယ်စပ်အနီး တရုတ်စစ်ရေးလေ့ကျင့်မည်
PUBLISHED - April 1, 2024
နိုင်ငံတကာ၊ ဧပြီ ၁
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ တရုတ်- မြန်မာ နယ်စပ်မှာ ကျည်စစ်ကျည်မှန်တွေအသုံးပြုပြီး စစ်ရေးလေ့ကျင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရဲ့ ဒီဟောင်းဒိုင်းနဲ့ ဂျင်းပေါင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရက တနင်္လာနေ့ (ဧပြီလ ၁ ရက်နေ့) မှာ အခုလို ကြေညာခဲ့တာဖြစ်ပါတယ်။
“နှစ်စဉ်ကျင်းပနေကျ စစ်ရေးလေ့ကျင့်မှုအစီအစဉ်အရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်ဖွဲ့ တစ်ခုဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်မှာ ကျည်စစ်ကျည်မှန်တွေနဲ့ စစ်ရေးလေ့ ကျင့်သွားမှာဖြစ်ပါတယ်။” လို့ အဲဒီအုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“စစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၂ ရက်နေ့ ဒေသစံတော်ချိန် မနက် ၈ နာရီကနေ ဧပြီလ ၃ ရက်နေ့ ဒေသစံတော် ချိန် ညနေ ၆ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထုတ်ပြန်ချက်ထဲမှာ စစ်ရေးလေ့ကျင့်မယ့်နေရာ မြေပုံညွှန်းအတိအကျကို ဖော်ပြထားပြီး စစ်ရေးလေ့ကျင့်နေစဉ် အတွင်း အဆိုပါနယ်မြေများကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ ကြေညာထားပါတယ်။
Ref: China to Hold Live-Fire Drills near Myanmar Border on April 2-3
#PeopleMedia