• Follow Us on

Home ဧပြီ ၇ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ အိမ်ထောင်စု ၆၂၄၆ စု၊ လူဦးရေ ၂၄၃၇၀ ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့

ဧပြီ ၇ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ အိမ်ထောင်စု ၆၂၄၆ စု၊ လူဦးရေ ၂၄၃၇၀ ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

 

ဧပြီ ၇ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ အိမ်ထောင်စု ၆၂၄၆ စု၊ လူဦးရေ ၂၄၃၇၀ တို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင် နေရာချထားပေးခဲ့ကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းကော်မတီများအနေဖြင့် ပြန်လည်နေရာ ချထားရေးကိစ္စရပ်များ ဆောင် ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး လုပ်ငန်းကော်မတီဝင်ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့များအလိုက် ရန်ပုံငွေထည့်သွင်းလျာထား၍ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် လိုအပ်သောကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း ပြောသည်။

 

အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အားလုံးပူးပေါင်းပါဝင်၍တက်ကြွစွာ ဆောင်ရွက်ခဲ့မှုကြောင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပခဲ့ကာ ဧပြီ ၇ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ အိမ်ထောင်စု ၆၂၄၆ စု၊ လူဦးရေ ၂၄၃၇၀ တို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင် နေရာချထား ပေးနိုင်ခဲ့ပြီး ယာယီခိုလှုံရာစခန်း/စုရပ် ၉၀ ကို ထပ်မံပိတ်သိမ်းနိုင်ခဲ့ကြောင်းနှင့် ဆက်လက် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိစွာ မှီခိုမှုကင်းစွာဖြင့် ရပ်တည် နေထိုင်သွားနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် ၎င်းတို့၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဒေသ တွင်းရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများ လျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသဖွံ့ဖြိုးရေး အစီအစဉ်များ ချမှတ်ဖော်ဆောင်ရာ၌ များစွာအထောက်အပံ့ဖြစ်စေကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post