ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့၌ ဘင်္ဂလီအယောက် ၃၀ ခန့် ဖမ်းမိ
PUBLISHED - September 27, 2019
ရန်ကုန်၊စက်တင်ဘာ-၂၇
ဧရာဝတီတိုင်းဒေသကြီး၊ငပုတောမြို့၊ငရုတ်ကောက်ကောင်းမြို့၌ ဘင်္ဂလီ ၃၀ ခန့်ဖမ်းမိထားကြောင်း ငပုတောမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းအောင်က အတည်ပြု့ပြောကြားသည်။
“၃၀ဖမ်းမိထားတယ်။ဒီဘက်အခေါ်က ကုလားလို့ခေါ်တာပေါ့။သူတို့ထွက်လာကြတာ အယောက် ၄၀ လို့ သိရတယ်”ဟု ဦးသန်းအောင်က ပြောသည်။
လက်ရှိအချိန်၌ လွက်မြောက်နေသော ဘင်္ဂလီ ၁၀ ဦးထပ်မံဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း အုပ်ချုပ်ရေးအဖွဲ့များကဆိုသည်။
ဖမ်းမိထားသော ဘင်္ဂလီအယောက် ၃၀၌ ကျား ၉ ဦး၊မ ၂၀ နှင့် ကလေး ၁ ဦးဖြစ်ကြောင်း သိရသည်။ထပ်မံ၍ People Media မှ ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် အတည်ပြု့နိုင်ရန်ဆက်သွယ်လျှက်ရှိသည်။
ဆက်လက်ဖော်ပြမည်။
photo – Crd