• Follow Us on
Latest News

Home ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကိုဆက်သွယ်ပေးမည့် ချောင်းဝတံတားတည်ဆောက်မှု ၈၉ ရာခိုင်နှုန်းပြီးစီး

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကိုဆက်သွယ်ပေးမည့် ချောင်းဝတံတားတည်ဆောက်မှု ၈၉ ရာခိုင်နှုန်းပြီးစီး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

 

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့်ချောင်းဝတံတားကို ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၉ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ချောင်းဝတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။

 

လက်ရှိ ငရုတ်ကောင်းမြို့မှ မြောက်ဘက်ပိုင်း ဂွမြို့နယ်အထိ ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်- ကျောက်ချွန်-ဂွ ကမ်းခြေပတ် လမ်းစီမံကိန်းကို လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိ သောကြောင့် ချောင်းဝတံတားသည်လည်း ကမ်းခြေပတ်လမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်သည်။

 

ချောင်းဝတံတားအရှည်မှာ ပေ ၁၂၈၀ ရှိမည်ဖြစ်ပြီး တံတား၏အပေါ်ထည် အမျိုးအစားမှာ PC Girder ၊ RC Girder & RC Slab ဖြစ်ကာ တံတား၏ကိုယ်ထည်မှာ RC ကွန်ကရစ် အမျိုးအစားဖြစ်ပြီး၊ ယာဉ်သွားလမ်း အသွား တစ်လမ်း၊ အပြန်တစ်လမ်းပါဝင်သော အကျယ် ၂၄ ပေရှိသည့် နှစ်လမ်းသွားတံတားဖြစ်ပြီး လူသွား လမ်းအကျယ်တစ်ဖက်လျှင် ၃ ပေ ၆ လက်မစီ ပါဝင်မည်ဖြစ်ကာ ရေလမ်းကင်းလွတ် အကျယ် ၂၄ မီတာနှင့် အမြင့် ၁၂ ဒသမ ၂ မီတာရှိမည်ဖြစ်၍ တံတားခံနိုင်ဝန်မှာ ခွင့်ပြုယာဉ်အလေးချိန် (ယာဉ်+ ကုန်) တန် ၆၀ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ချောင်းဝတံတား တည်ဆောက်ရေးစီမံကိန်းကိုပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါကမ်းခြေပတ်လမ်းနှင့် ချောင်းဝတံတားတည်ဆောက် ရေးစီမံကိန်းဆောင်ရွက်ပြီးစီးပြီဆိုပါက ငရုတ် ကောင်းတောင်ဘက်ပိုင်းရှိ ဂေါ်ရန်ဂျီကျွန်းအထိလမ်းများ တစ်ဆက်တစ်စပ်တည်း ဖြစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post