• Follow Us on
Latest News

Home ဧရာ၀တီလင္းပိုင္ကို ဖမ္းဆီးသတ္ျဖတ္ၿပီး facebook ၌ တင္ခဲ့သည့္ Zin ko tun အေကာင့္ပိုင္ရွင္ကို တည္ဆဲ ဥပေဒမ်ားႏွင့္ အေရးယူႏုိင္ရန္ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ စီစဥ္

ဧရာ၀တီလင္းပိုင္ကို ဖမ္းဆီးသတ္ျဖတ္ၿပီး facebook ၌ တင္ခဲ့သည့္ Zin ko tun အေကာင့္ပိုင္ရွင္ကို တည္ဆဲ ဥပေဒမ်ားႏွင့္ အေရးယူႏုိင္ရန္ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ စီစဥ္

Share this post

ရန္ကုန္၊ ဇူလိုင္၂၉

ဧရာ၀တီလင္းပိုင္ကို ဖမ္းဆီးသတ္ျဖတ္ၿပီး facebook တြင္ တင္ခဲ့သူ Zin ko tun အေကာင့္ပိုင္ရွင္ကို အေရးယူ ရန္ ငါးလုပ္ငန္းဦးစီးဌာနႏွင့္ အဖြဲ႕အစည္းေပါင္းစုံစီစဥ္ေနေၾကာင္း သားငွက္ထိန္းသိမ္းေရးအဖြဲ႕ Wcs MYAN MAR မွ ကိုႏိုင္လင္းကေျပာသည္။

ဧရာ၀တီလင္းပိုင္ ဖမ္းဆီးသတ္ျဖတ္သူႏွင့္ပတ္သက္၍ ဇူလိုင္ ၂၉ ရက္ people media က ဆက္သြယ္ေမး ျမန္းရာတြင္ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ WCS Myanmar မွ ကိုႏိုင္လင္းက အထက္ပါအတုိင္း ေျပာဆုိခဲ့ျခင္း ျဖစ္သည္။

“ေဖ့စ္ဘုတ္မွာ တက္ေနတဲ့အေကာင္ေပါက္ေလးက ဧရာ၀တီလင္းပိုင္ ဧရာ၀တီျမစ္ထဲကေတာ့မဟုတ္ဘူးဗ်။ သူ႔ရဲ႕အေနအထားအရ ဧရာ၀တီလင္းပိုင္က ကမ္း႐ိုးတန္းမွာလည္းရွိေနတာဆိုေတာ့ေလ။ အေရးယူဖို႔ကေတာ့ ငါးလုပ္ငန္းအဖြဲ႕အစည္းကေရာ တျခားလူေတြကေရာ ႀကဳိးစားေနပါတယ္။ ေအာက္ေျခမွာေပါ့။ အေရးယူရင္ ေတာ့ ဇီ၀မ်ိဳးစုံနဲ႔ မ်ိဳးကြဲထိန္းသိမ္းေရးဥပေဒနဲ႔ အေရးယူလို႔ရတယ္။ သားငွက္တိရိစာၦန္ထိန္းသိမ္းေရးဥပေဒ လည္းပါတယ္။ ဇီ၀မ်ိဳးစုံမ်ိဳးကြဲေတြအေပၚမွာ ဒီလိုမ်ိဳးလုပ္တဲ့ဟာအေပၚ ကြ်န္ေတာ္တို႔ကအမ်ားႀကီး စိတ္ မေကာင္းဘူး။ ရႈတ္လည္း ရႈတ္ခ်တယ္”ဟု ၎ကေျပာသည္။

အဆိုပါ Zin ko tun အေကာင့္ပိုင္ရွင္သည္ ၎ facebook တြင္ ဧရာ၀တီလင္းပိုင္အား ဓါတ္ပုံ႐ိုက္၍ ကိုယ္ တိုင္ဖမ္းခဲ့သည္ေပါ့ စာသားအား တင္ခဲ့ၿပီး ၎အေပၚ လူအမ်ားမွ ဝိုင္း၀န္းအျပစ္တင္ေျပာဆိုလ်က္ရွိသည္။

“ဧရာ၀တီလင္းပိုင္က ၂၀၂၀ ေဖေဖၚဝါရီလေပါ့။ စစ္တမ္းအရ ၇၉ ေကာင္ေပါ့ရွိပါတယ္။ အခု ဧရာ၀တီလင္းပိုင္ ေသတာေတြလည္းရွိတယ္။ အဓိက ကိုဗစ္ကာလမွာ တရားမ၀င္ငါးဖမ္းဆီးမႈေၾကာင့္ ေသဆုံးမႈေတြရွိတယ္။ ဒါေပမဲ့ ဘယ္ႏွစ္ေကာင္က်န္ေသးလဲဆိုတာ အဲဒါေတာ့ ေလာေလာဆယ္ ကြ်န္ေတာ္တို႔ေျပာလို႔မရေသးဘူး။ ေရွ႕ႏွစ္ ေဖေဖၚဝါရီမွ ဘယ္ႏွစ္ေကာင္ရွိတယ္ဆိုတာ အတိအက်ေျပာလို႔ရမဲ့အေနအထားရွိတယ္’’ ဟု သားငွက္ထိန္းသိမ္းေရးအဖြဲ႕ WCS Myanmar မွ ကိုႏိုင္လင္းက ထပ္မံေျပာသည္။

#PeopleMedia #WCSMyanmar

(unicode)
ဧရာဝတီလင်းပိုင်ကို ဖမ်းဆီးသတ်ဖြတ်ပြီး facebook ၌ တင်ခဲ့သည့် Zin ko tun အကောင့်ပိုင်ရှင်ကို တည်ဆဲ ဥပဒေများနှင့် အရေးယူနိုင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့ စီစဉ်
……………………………………………………

ရန်ကုန်၊ ဇူလိုင်၂၉

ဧရာဝတီလင်းပိုင်ကို ဖမ်းဆီးသတ်ဖြတ်ပြီး facebook တွင် တင်ခဲ့သူ Zin ko tun အကောင့်ပိုင်ရှင်ကို အရေးယူ ရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် အဖွဲ့အစည်းပေါင်းစုံစီစဉ်နေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ Wcs MYAN MAR မှ ကိုနိုင်လင်းကပြောသည်။

ဧရာဝတီလင်းပိုင် ဖမ်းဆီးသတ်ဖြတ်သူနှင့်ပတ်သက်၍ ဇူလိုင် ၂၉ ရက် people media က ဆက်သွယ်မေး မြန်းရာတွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS Myanmar မှ ကိုနိုင်လင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဖေ့စ်ဘုတ်မှာ တက်နေတဲ့အကောင်ပေါက်လေးက ဧရာဝတီလင်းပိုင် ဧရာဝတီမြစ်ထဲကတော့မဟုတ်ဘူးဗျ။ သူ့ရဲ့အနေအထားအရ ဧရာဝတီလင်းပိုင်က ကမ်းရိုးတန်းမှာလည်းရှိနေတာဆိုတော့လေ။ အရေးယူဖို့ကတော့ ငါးလုပ်ငန်းအဖွဲ့အစည်းကရော တခြားလူတွေကရော ကြိုးစားနေပါတယ်။ အောက်ခြေမှာပေါ့။ အရေးယူရင် တော့ ဇီဝမျိုးစုံနဲ့ မျိုးကွဲထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူလို့ရတယ်။ သားငှက်တိရိစာ္ဆန်ထိန်းသိမ်းရေးဥပဒေ လည်းပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေအပေါ်မှာ ဒီလိုမျိုးလုပ်တဲ့ဟာအပေါ် ကျွန်တော်တို့ကအများကြီး စိတ် မကောင်းဘူး။ ရှုတ်လည်း ရှုတ်ချတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ Zin ko tun အကောင့်ပိုင်ရှင်သည် ၎င်း facebook တွင် ဧရာဝတီလင်းပိုင်အား ဓါတ်ပုံရိုက်၍ ကိုယ် တိုင်ဖမ်းခဲ့သည်ပေါ့ စာသားအား တင်ခဲ့ပြီး ၎င်းအပေါ် လူအများမှ ဝိုင်းဝန်းအပြစ်တင်ပြောဆိုလျက်ရှိသည်။

“ဧရာဝတီလင်းပိုင်က ၂၀၂၀ ဖေဖေါ်ဝါရီလပေါ့။ စစ်တမ်းအရ ၇၉ ကောင်ပေါ့ရှိပါတယ်။ အခု ဧရာဝတီလင်းပိုင် သေတာတွေလည်းရှိတယ်။ အဓိက ကိုဗစ်ကာလမှာ တရားမဝင်ငါးဖမ်းဆီးမှုကြောင့် သေဆုံးမှုတွေရှိတယ်။ ဒါပေမဲ့ ဘယ်နှစ်ကောင်ကျန်သေးလဲဆိုတာ အဲဒါတော့ လောလောဆယ် ကျွန်တော်တို့ပြောလို့မရသေးဘူး။ ရှေ့နှစ် ဖေဖေါ်ဝါရီမှ ဘယ်နှစ်ကောင်ရှိတယ်ဆိုတာ အတိအကျပြောလို့ရမဲ့အနေအထားရှိတယ်’’ ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS Myanmar မှ ကိုနိုင်လင်းက ထပ်မံပြောသည်။

#PeopleMedia #WCSMyanmar


Share this post