ကောလင်းမြို့၌ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင်များ ကျဆုံးခဲ့

PUBLISHED - February 4, 2022
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၄ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မိဿလင်ကုန်းကျေးရွာအနီး၌ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ နှစ် ဖက်တိုက်ပွဲ ဖြစ်ပေါ်ခဲ့ပြီး PDF များ ကျဆုံးခဲ့ကြောင်း ဒေသခံပြည်သူအချို့၏ ပြောဆိုချက်အရ သိရပါတယ်။
“PDF အဖွဲ့နဲ့ တပ်နဲ့ ရဲပူးပေါင်းအဖွဲ့တို့ နှစ်ဖက်တိုက်ကြတာ။ ရွာဘက်မှာ ပြောနေတာက PDF အဖွဲ့ဝင် ၁၃ ယောက် ကျသွားတယ်လို့ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ တိုက်ပွဲ၌ PDF အဖွဲ့ဝင် ကျား ၁၃ လောင်း၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၉ လက်၊ လက်လုပ် ပစ္စတို ၁ လက်၊ လက်လုပ် ၄၀ မမသေနတ် ၁ လက်၊ လက်လုပ် အာပီဂျီ ၂ လက်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည် ၂၃ တောင့်၊ လက်လုပ်လက်ပစ်ဗုံးတို့အပါအဝင် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးအဖွဲ့များက ရရှိခဲ့ပါတယ်။
#PeopleMedia #ကောလင်းမြို့
(unicode)
……………………………………………………….