• Follow Us on
Latest News

Home ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်၌ လုံခြုံရေးအဖွဲ့နှင့် KNU လက်အောက်ခံ KNLA လက်နက်ကိုင် ပူးပေါင်း အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေ၊ KNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့သည် အရပ်ဘက် ၁၂ ဘီးယာဉ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့

ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်၌ လုံခြုံရေးအဖွဲ့နှင့် KNU လက်အောက်ခံ KNLA လက်နက်ကိုင် ပူးပေါင်း အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေ၊ KNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့သည် အရပ်ဘက် ၁၂ ဘီးယာဉ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့

Share this post

ကော့ကရိတ်၊ မတ် ၁၂

 

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်၌ လုံခြုံရေးအဖွဲ့နှင့် KNU လက်အောက်ခံ KNLA လက် နက်ကိုင် ပူးပေါင်းအဖွဲ့တို့ကြား ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေပြီး KNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့ တို့သည် အရပ်ဘက် ၁၂ ဘီးယာဉ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

 

KNU လက်အောက်ခံ KNLA/KNDO ပူးပေါင်းအဖွဲ့များသည် မတ်လ ၁၁ ရက်နေ့ကလည်း ကော့ကရိတ် မြို့နယ်ရှိ အများပြည်သူ အသုံးပြုသည့် တံတားတစ်စင်းကို မိုင်းခွဲဖျက်ဆီးခဲ့သလို ယနေ့ နံနက်ပိုင်းကလည်း အာရှလမ်းမကြီး၌ သွားလာနေသည့် ၁၂ ဘီးယာဉ်တစ်စီးကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည်။

 

“KNU လက်အောက်ခံအဖွဲ့တွေက နယ်မြေဖွံ့ဖြိုးရေးအတွက် ဘာမှလုပ်ကိုင်ခဲ့တဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ သူတို့ လုပ်နိုင်တာက အများပြည်သူ အသုံးပြုတဲ့ လမ်း/တံတားတွေ ဖျက်ဆီးတာ အများနဲ့ သက်ဆိုင်တဲ့နေရာ တွေကို ဖျက်ဆီးတာတွေပဲ လုပ်နိုင်တာ” လို့ ဒေသခံ ကရင်တိုင်းရင်းသားတစ်ဦးက ပြောဆိုသည်။

 

လက်ရှိအချိန်၌ ကော့ကရိတ်၊ မြဝတီနယ်မြေများ၌ လုံခြုံရေးအဖွဲ့များနှင့် KNU လက်အောက်ခံ လက်နက်ကိုင် အဖွဲ့များအကြား စစ်ရေးတင်းမာလျက်ရှိသည်။

 

KNU လက်အောက်ခံအဖွဲ့များသည် PDF အဖွဲ့များကို စစ်ပညာသင်ပေးခြင်း၊ လက်နက်ထောက်ပံ့ခြင်း၊ ကရင် ပြည်နယ်အတွင်း၌ အခြေချလှုပ်ရှားခွင့်ပြုခြင်းများကို လက်ခံဆောင်ရွက်သည့်အဖွဲ့တစ်ခုဖြစ်သည်။

 

#PeopleMedia

 

(unicode)


………………………………….

 


 


 


 


 


 


 

#PeopleMedia


Share this post