ကော့မှူးမြို့နယ်၊ ဝါးဘလောက်ရဲကင်းစခန်းကို လာရောက်ပစ်ခတ်သည့်အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ တစ်ဦးအသေရရှိခဲ့ဟုဆို

PUBLISHED - December 7, 2021
ရန်ကုန်၊ ဒီဇင်ဘာ ၇ (People Media)
ဒီဇင်ဘာ ၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဝါးဘလောက် ရဲကင်း စခန်းကို လာရောက် ပစ်ခတ်သည့်အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ တစ်ဦးအသေ ရရှိခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဝါးဘလောက်ရဲကင်းစခန်းကို အမျိုးသား ၄ ဦးက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ရာ တစ်ဦးအသေရရှိခဲ့ခြင်း ဖြစ်ပါတယ်။
ဖြစ်စဉ်ကြောင့် ရဲစခန်းအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ လူထိခိုက် ဒဏ်ရာမရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။
“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ည ၈ နာရီခွဲလောက်က ဖြစ်တာ အရင်ဆုံး ပေါက်ကွဲသံကြားရတာပါ အဲ့ဒါ ပြီးတော့မှ ပစ်ခတ်သံတွေကြားရတာ တစ်ဦးသေတယ်လို့လည်း သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါ တယ်။
ပြီးခဲ့သည့်လပိုင်းကလည်း ကော့မှူးမြို့နယ်၌ လုံခြုံရေးယာဉ်တန်းများ တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
#PeopleMedia #ကော့မှူး #ရဲစခန်း
(unicode)
…………………………………………………….