ေက်ာက္စိမ္း႐ုိင္းမ်ား တင္ေဆာင္လာသည့္ယာဥ္ အရွိန္လြန္တိမ္းေမွာက္ အမ်ိဳးသားတစ္ဦးေသဆုံး

PUBLISHED - May 16, 2020
ဖားကန္႔၊
၂၀၂၀၊ ေမလ ၁၅
ဖားကန္႔ၿမိဳ႕၊ ေအးျမသာယာရပ္ကြက္၊ မနေမွာ္ရြာအထြက္ အဆင္းလမ္း၌ ယေန႔ နံနက္ ၈ နာရီအခ်ိန္ခန္႔က ေက်ာက္စိမ္း႐ုိင္းမ်ား တင္ေဆာင္လာေသာယာဥ္ တိမ္းေမွာက္ရာ အမ်ိဳးသားတစ္ဦး အခင္းျဖစ္ေနရာတြင္ ေသဆုံးေၾကာင္းသိရသည္။
ေသဆုံးသူမွာ ဦးခ်စ္လြင္(၂၃)ႏွစ္၊ (ဘ)ဦးေအာင္စိုး၊ ၈/နမန(နိုင္)၂၀၁၂၉၂၊ နတ္ေမာက္ၿမိဳ႕နယ္၊ ေလွ်ာ္ေတာင္ ရြာျဖစ္ၿပီး၊ မ်ိဳးႏြယ္ကုမၸဏီယာဥ္ေနာက္လိုက္ျဖစ္ေၾကာင္း သိရသည္။
ယာဥ္တိမ္းေမွာက္မွုေၾကာင့္ ေသဆုံးသူဦးခ်စ္လြင္အား ဖားကန္႔ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိၿပီး၊ အဆိုပါ ယာဥ္အား ေမာင္းႏွင္သူမွာ ဒါဏ္ရာ(မစိုးရိမ္ရ) ရွိထားသျဖင့္ ယင္းေဆး႐ုံတြင္ ေဆးဝါးကုသမႈ ခံယူေနေၾကာင္း သက္ဆိုင္ရာ တာဝန္ရွိသူမ်ားထံမွ သိရသည္။
သတင္း – ခ်စ္ကို
ဓါတ္ပုံ – ေအးျမသာယာအုပ္ခ်ဳပ္ေရးမွဴး႐ုံး
(Unicode)
ကျောက်စိမ်းရိုင်းများ တင်ဆောင်လာသည့်ယာဉ် အရှိန်လွန်တိမ်းမှောက် အမျိုးသားတစ်ဦးသေဆုံး
…………………………………………………………
ဖားကန့်၊
၂၀၂၀၊ မေလ ၁၅
ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်၊ မနမှော်ရွာအထွက် အဆင်းလမ်း၌ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ကျောက်စိမ်းရိုင်းများ တင်ဆောင်လာသောယာဉ် တိမ်းမှောက်ရာ အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးကြောင်းသိရသည်။
သေဆုံးသူမှာ ဦးချစ်လွင်(၂၃)နှစ်၊ (ဘ)ဦးအောင်စိုး၊ ၈/နမန(နိုင်)၂၀၁၂၉၂၊ နတ်မောက်မြို့နယ်၊ လျှော်တောင် ရွာဖြစ်ပြီး၊ မျိုးနွယ်ကုမ္ပဏီယာဉ်နောက်လိုက်ဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူဦးချစ်လွင်အား ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး၊ အဆိုပါ ယာဉ်အား မောင်းနှင်သူမှာ ဒါဏ်ရာ(မစိုးရိမ်ရ) ရှိထားသဖြင့် ယင်းဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။
သတင်း – ချစ်ကို
ဓါတ်ပုံ – အေးမြသာယာအုပ်ချုပ်ရေးမှူးရုံး